(င)-မြောင်မြို့နယ်အားကစားရုံပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းအတွက်ငွေလုံးငွေရင်း ခွင့်ပြုငွေ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18
မေးခွန်း အကြောင်းအရာ 

မိမိအနေဖြင့် အားကစားဝန်ကြီးဌာနနှင့်ပတ်သက်၍ ငွေလုံးငွေရင်းခွင့်ပြုငွေ ကျပ်သန်း ၁၀၀ အပေါ်တွင် တင်ဒါဆွဲလာသော ကုမ္ပဏီက တည်ဆောက်နေသည့် လုပ်ငန်းနှင့်ပတ်သက်ပြီး ခွင့်ပြုငွေနှင့် ကိုက်ညီသည့်လုပ်ငန်းများကို မြို့နယ်က လုပ်ငန်း ၄ ခုတင်ပြီး ကုမ္ပဏီကမလုပ်နိုင်ပါက မြို့နယ်ကော်မ တီဖွဲ့ပြီး ဆောင် ရွက်မည် ဟု ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပါဆိုပြီး ပြန်လာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မိမိတို့ မြို့နယ်ကော်မတီဖြင့် ဆောင်ရွက်လိုပါကြောင်း၊ တင်ပြသည့်အခါ ကုမ္ပဏီဖွဲ့မှ လုပ်ငန်းအဆင်ပြေစေရန် မြို့နယ်ကော်မတီမှ ဝန်ထမ်း မဟုတ်သည့် ပုဂ္ဂိုလ်များနှင့် မြောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (MRDC) က ယင်းလုပ်ငန်းကို ဆောင်ရွက်လိုပါကြောင်း၊ သို့သော် တင်ဒါခေါ်လိုက်သည်ကို သိရှိခြင်း မရှိပါကြောင်း၊ အောင်အောင်နဂါးကုမ္ပဏီက မိမိတို့ထံသို့ အားကစားကွင်းဆောင်ရွက်မည်ဟု ရောက်ရှိလာရာ လိုက်လံပြီး ကွင်းကိုပြသ၊ လုပ်မည့်လုပ်ငန်းများ စစ်ဆေးသည့်အခါတွင် မိမိတို့ တင်ထားသည့်လုပ်ငန်း ၄ မျိုးထဲမှ အားကစားကွင်းဂိတ်တံခါးနှင့် အားကစားလက်မှတ်ရုံ စသည့် ၂ မျိုး ပါမလာသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့တင်ထားသည့် လုပ်ငန်းတန်ကြေးထဲတွင် Score Board နှင့်ပတ်သက်ပြီး ၇ သိန်းတန် လုပ်မည်ဟု တင်ထားရာ ၂ သိန်းတန်ဖြင့် ခွင့်ပြုထားပါကြောင်း၊ ထို့ကြောင့် မည်မျှဆွဲရမည်ဟု မေးရာ ကျပ်သိန်း ၈၀၀ ကျော်၊ ၈၈၀ ခန့် ဆွဲရသည်ဟု ပြောပါကြောင်း၊ မိမိအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ထားသော တန်ကြေးထက်၊ သတ်မှတ်ထားသော လုပ်ငန်းများထက်လျော့ပြီး တင်ဒါဖြစ်သည်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရှိ/မရှိ၊ သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့က သိရှိမှုရှိ/မရှိ၊ ဤတင်ဒါပြောင်းလဲကာ လုပ်ငန်းများလျော့ပြီး တင်ဒါပစ်ရခြင်းသည်  မည်သည့်အခက်အခဲများကြောင့်နှင့်  တင်ဒါဆွဲသွားသည့်အခါတွင် သတ်မှတ်ငွေပမာဏ ထက်လျော့နေသည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။