(ဂ)-ဘားအံနှင့်လှိုင်းဘွဲမြို့နယ်ကြားရှိကျေးရွာများ အတွက်GSMတာဝါတိုင်များတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-18
ဘားအံမြို့နယ်၏ မြောက်ဘက်ဂွင်တွင်ရှိနေသော ကျေးရွာအုပ်စုများနှင့် ရွှေဂွန်းတိုက် နယ်ကြားရှိ ကျေးရွာအုပ်စုများဖြစ်သော မှိုင်ကိုင်၊ နောင်ကမြိုင်၊ မိဆံ၊ ကော့ကု၊ ပွတ်ထော်၊ မင်းဆီ၊ သခင်လှုံ၊ ကွတ်ဖန်ယား၊ ဥဒေါင်း၊ တဝိုင်ဖိုင်ယား၊ ကျုံမ ကို၊ ကြွပ်ချောင်းနှင့် ရွှေဂွန်းတိုက်နယ်စသည့် ကျေးရွာအုပ်စုများ တွင် နေထိုင်ကြသော မဲဆန္ဒနရှင်များမှ GSM Mobile Phone များ ကောင်းမွန်စွာ ဆက်သွယ် အသုံးပြုနိုင်ရေးအတွက် GSM တာဝါတိုင်များ တည်ဆောက်ပေးရန် ဆန္ဒရှိကြ ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖော်ပြပါကျေးရွာအုပ်စုများအတွက် Mobile Phone များ ကောင်းမွန်စွာဆက်သွယ်အသုံးပြုနိုင်ရေးအတွက် GSM တာဝါတိုင်များကို သင့်တော် သည့်နေရာတွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။