(ဂ)-လေးမျက်နှာ၊ခမောက်ဆုလမ်းအားကျောက်ချော လမ်းအဖြစ်အဆင့်မြှင့်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
2020-12-18
လေးမျက်နှာမြို့နယ် အရှေ့ဘက်ခြမ်းအတွင်းပိုင်းရှိ ကျေးရွာများအား ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းအရှည် ၉.၁ မိုင်ရှိ မြေသားလမ်းအတွက် လေးမျက်နှာမှ ညောင်ဝိုင်းအထိ ၂.၂၇ မိုင်အား ယခင်မြို့နယ် စည်ပင်သာယာမှ ကျေးလက် လမ်းအဖြစ် ခင်းပေးထားပြီးဖြစ်ပါကြောင်း၊ ကျန်ရှိနေသောလမ်းပိုင်း ၆.၈၆ မိုင်အား လမ်းတံတားများ တည်ဆောက်ပြီးစီး နေပြီဖြစ်၍ ရာသီမရွေး သွားလာမှုလွယ်ကူစေရန် ကျောက်ချောလမ်းအဖြစ် ခင်းပေးနိုင်ပါက မြို့၏အရှေ့ဘက်အတွင်းပိုင်းရှိ ကျေးရွာအုပ်စု ရှစ်အုပ်စုမှ ပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လေးမျက်နှာ-ညောင်ဝိုင်း-လဟာ ကြီး-ပဲရင်း-ခမောက်ဆုလမ်းအရှည် ၉.၁ မိုင်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ခင်းပေး နိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။