(ဃ)-မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့၏လုပ် ငန်းဆောင်ရွက်မှုအခြေအနေကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံယာဉ်ထိန်းရဲ တပ်ဖွဲ့ရှိ မော်တော်ယာဉ်များ စက်သုံးဆီသုံးစွဲမှုအား သက်ဆိုင်ရာက မည်သို့ ခွင့်ပြုထားပါသနည်းနှင့် အဆိုပါသုံးစွဲမှုများအား သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်၏ တပ်ဖွဲ့ တစ်ခုချင်းအလိုက် သုံးနှစ်အတွင်း နှစ်အလိုက်သုံးစွဲသည့်ဂါလံအရေအတွက်အား သိရှိလို ပါကြောင်း။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မော်တော်ယာဉ်နှင့် ယာဉ်မောင်းများအား စီမံချက် ချမှတ်စစ်ဆေးမှုများ ဆောင်ရွက်ကြရာတွင် အချို့သောမြို့ကြီးများမှာ စည်းကမ်းပျက် ယာဉ်နှင့် ယာဉ်မောင်း အမြောက်အများ ဖမ်းဆီးမိခြင်းကြောင်း သက်ဆိုင်ရာတရားရုံးများသို့ ဒဏ်ငွေ ပေးဆောင်ရာတွင် ဒဏ်ကြေးပေးဆောင်သူနှင့်တရားသူကြီးဦးရေ၊ ဝန်ထမ်းဦးရေ မမျှမတဖြစ် နေခြင်းများကြောင့် ပြည်သူများမှာ အချိန်ကုန်လူပမ်းဖြစ်နေကြရခြင်း၊ မလိုလားအပ်သော အပေး အယူများ ဆောင်ရွက်နေကြရခြင်း များကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက မည်သို့ ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်းနှင့် မော်တော်ယာဉ်များ မတော်အဆထိခိုက်မှုဖြစ်ပြီး သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားခဲ့ရာမှ တရားစွဲဆိုတင်ပို့ချိန် (သို့မဟုတ်) မတော်အဆ ထိခိုက်မှုဖြစ်သည့်သူ အချင်းချင်း ပြေလည်မှုရရှိ သွားချိန်များတွင် မော်တော်ယာဉ်များကို ထိန်းသိမ်းခဲ့သော ရဲ့တပ်ဖွဲ့စခန်းများက အဆိုပါ မော်တော်ယာဉ်တစ်စီးလျှင် ငွေကြေးဘယ်လောက် ပေးဆောင်စေရမည်ဟူသော သတ်မှတ်ချက်များရှိ/မရှိနှင့် သတ်မှတ်ချက်များ မရှိဘဲ ထိုသို့ဆောင်ရွက်နေပါက မည်ကဲ့သို့စီမံဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။