(ဂ)-မြန်မာနိုင်ငံတွင်နေ့စဉ်ထွက်ရှိသောရေနံစိမ်းနေ့ စဉ်သုံးစွဲနေသောလောင်စာဆီပမာဏများစွာကွာခြား လျက်ရှိရာအနာဂတ်စွမ်းအင်လုံခြုံရေးအတွက်မည် သည့် ပေါ်လစီများချမှတ်ထားသည်ကိုသိလိုသည်နှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-18

မြန်မာနိုင်ငံတွင် နေ့စဉ်ထွက်ရှိသော ရေနံစိမ်းပမာဏနှင့် နေ့စဉ်သုံးစွဲနေသော ဒီဇယ်ဆီ၊ ဓာတ်ဆီ စသည့် လောင်စာဆီ ပမာဏမှာ များစွာကွာခြားလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံနှင့် စင်ကာပူ စသည့်နိုင်ငံများတွင် လစဉ်တင်သွင်းသည့် ဒီဇယ်ဆီ၊ ဓာတ်ဆီများ၏ ပမာဏမှာ များပြားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းရည် Policy တွင် အနာဂတ်စွမ်းအင် လုံခြုံရေးအတွက် မည်ကဲ့သို့သော  Policy များ ချမှတ်ထားပါသနည်း၊ ယနေ့ မြန်မာနိုင်ငံတွင် တစ်နေ့လျှင် ရေနံစိမ်း ဆီ ၇၀၀၀ ခန့် ထုတ်လုပ်နေသော်လည်း မိမိတို့ ယနေ့ သုံးစွဲနေသော ရေနံစိမ်း ဆီပေါင်း ၇၀၀၀၀ ကျော်နှင့် ညီမျှသည့် စွမ်းကို သုံးစွဲနေခြင်းဖြစ်သည့်အတွက် ထွက်ရှိသောပမာဏထက် ကျွန်တော်တို့က ၁၀ ဆခန့် သုံးစွဲနေရပါကြောင်း၊ ထိုသို့ဖြစ်နေခြင်းကို အနာဂတ်တွင် မည်သို့ဖြေရှင်းပေးမည်ကို သိရှိလိုပါကြောင်း၊ စနစ်တကျစီမံမှုမရှိပါက နိုင်ငံ၏ ကုန်သွယ်ရေး ဝင်ငွေ၊ ပိုငွေ များစွာထိခိုက်နိုင်ပါကြောင်း၊ ယင်းကိစ္စကိုဖြေရှင်းရန် နိုင်ငံခြားက ရေနံစိမ်းများကို တင်သွင်းပြီး စက်မှုဇုန်များတွင် လုံလုံလောက်လောက် ချက်လုပ်ပြီး ဒီဇယ်၊ ဓာတ်ဆီ ဖြန့်ဖြူးခြင်း အများသုံးစွဲနေသည့် မြို့ပတ်ရထားကဲ့သို့ စီမံကိန်းများကို ဂျပန်နိုင်ငံတွင် GR ဆိုသည့် မီးရထားလုပ်ငန်းကြီးသည် ရေအားလျှပ်စစ်စက်ရုံများ၊ ကျောက်မီးသွေး စက်ရုံများနှင့် လည်ပတ်ပြီး လျှပ်စစ်ရထားအဖြစ် အသုံးပြုသည့်အတွက် စွမ်းအင်သုံးစွဲသည့်နေရာတွင် လောင်စာဆီသုံးစွဲမှုပမာဏ လျော့ဆင်းစေပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ထိုကဲ့သို့ အစီအမံများကို စွမ်းအင် Policy တွင် မည်သို့ရေးဆွဲထားသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။