(က)-ကဝမြို့နယ်တွင် အားကစားရုံတစ်ရုံနှင့် အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-18
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်သည် မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်ပြီး အားကစားအရာရှိများလည်းရှိပါကြောင်း၊ အားကစားနှင့်ပတ်သက်သည့် ကြက်တောင်၊ ဘောလုံး၊ လက်ဝှေ့၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အစရှိသဖြင့် အားကစားများကို တစ်နှစ် လျှင် ၁၂ လ ရှိသည့်အနက် နွေကာလ(၄)လခန့်ဖြစ်သော ဇန်နဝါရီမှ ဧပြီလကုန်အထိသာ လယ်ကွင်းများတွင် ကစားရပါကြောင်း၊ ကျန်(၈)လခန့်မှာ မိုးများပြီးမြေမာမရှိသဖြင့် ကစား၍မရပါကြောင်း၊ သို့ပါ၍ ကဝမြို့နယ်အတွင်းရှိ လူဦးရေမှာ ၂၀၀၀၀၀ ကျော်ရှိပြီး အားကစားရုံတည်ဆောက်ရန်မြေကြီးမှာလည်း ၃.၉၁ ဧကရှိပါသဖြင့် အားကစားရုံတစ်ရုံနှင့် အားကစားကွင်း တစ်ကွင်း တည်ဆောက်ပေးပါရန်၊ ဆောင်ရွက်ပေးမည် ဆိုပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။