(က)-စာပေဗိမာန်အသင်းကိုမူလရည်ရွယ်ချက်အ တိုင်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
2020-12-18
မေးခွန်း အကြောင်းအရာ
စာပေဗိမာန်အသင်းသည် မိမိတို့မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်င်ငံသားများ၏ အသိပညာ၊ အတတ်ပညာ၊ သုတရသဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့သော အသင်းကြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ရောင်းအားကောင်းသော စာအုပ်စာပေ၊ အသိပညာ အတတ်ပညာပိုင်းဆိုင်ရာ စာအုပ်များ ကို မြန်မာဘာသာ ပြန်ဆိုရန်ဖွဲ့စည်းခဲ့သောအသင်းကြီးအဖြစ် မိမိနားလည်ထားပါကြောင်း၊ နိုင်ငံသားအများစုအတွက် မိခင် ဘာသာနှင့်ရေးသားထားသော နိုင်ငံတကာစာအုပ်စာပေများစွာလိုအပ်လျက် ရှိပါကြောင်း၊ စာပေဗိမာန် အသင်းကြီးအား မူလရည်ရွယ်ချက်အတိုင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ နှင့်မရှိပါက အကောင် အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိတို့ကိုသိရှိလို ပါကြောင်းမေးမြန်းပါသည်။