(စ)-ရေကြည်မြို့နယ်ကညင်ငူ၊နွားရေတိုက်နှင့်ငါးတဲ စု ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်ချော လမ်းအဖြစ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ရှိ ကညင်ငူ-နွားရေတိုက်-ငါးတဲစု ကျေးရွာအုပ်စုများသို့ ဆက်သွယ်ထားသောလမ်းသည် မြေသား လမ်းဖြစ်ပြီး ၁၄၃၁၀ ပေ ရှည်လျားပါသည်။ အဆိုပါလမ်းအား ဂဝံမြစ်၏ အနောက်ဘက်တွင် ကျေးရွာ(၉)အုပ်စုဖြစ်သော ညောင်မှော၊ ကွင်းပေါက်၊ ကမ်းနီ၊ ကြို့ကုန်းမြောက်၊ ချင်းကွင်း၊ ဖလန်ရေယာဉ်၊ ကွင်းကြီးသဘော့၊ ကွင်းလျား၊ နှောကုန်းကျေးရွာအုပ်စုနှင့် အရှေ့ဘက်တွင် ကျေးရွာ (၆)အုပ်စုဖြစ်သော မကျည်လဟာ၊ ကွင်းကြီး၊ ပန်းဇံကွင်း၊ ကညင်ငူ၊ နွားရေတိုက်၊ ဖက်သလက် ကျေးရွာအုပ်စု စုစုပေါင်း ၁၅ အုပ်စုမှ ပြည်သူများ အားကိုးအားထားပြု သွားလာနေရသော လမ်းသည် မြေသားလမ်းဖြစ်သောကြောင့် မိုးတွင်းကာလတွင် သွားလာရေးနှင့် သီးနှံထုတ်ကုန်များ သယ်ယူ ပို့ဆောင်ရေးတို့တွင် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ကညင်ငူ-နွားရေတိုက်-ငါးတဲစု ကျေးရွာ ချင်းဆက်လမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ်သို့ မြှင့်တင်ဆောင်ရွက်ပေး မည်ဆိုပါက ကျေးရွာ ၁၅ ရွာ၊ အိမ်ထောင်စု ၆၁၆၄ စုနှင့် လူဦးရေ ၂၅၅၁၁ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်းနှင့် ကညင်ငူ-နွားရေတိုက်-ငါးတဲစု ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိ လိုပါကြောင်း မေးမြန်းပါသည်။