(စ)-သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့ရချိန် တွင်ပြည်သူများကိုကယ်တင်စောင့်ရှောက်နိုင်ရန် အတွက် ကြက်ခြေနီအသင်းအား လိုအပ်သော ဖွဲ့စည်းလေ့ကျင့်မှုများ တိုးတက်ရန်နှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-18

နာဂစ်၊ ဆူနာမီကဲ့သို့သော သဘာဝဘေးအန္တရာယ်ဆိုးကြီးများနှင့် ကြုံတွေ့ရချိန်တွင် ပြည်သူများကို ကယ်တင်စောင့်ရှောက်နိုင်ရန်အတွက် ကြက်ခြေနီအသင်းအား လိုအပ်သောဖွဲ့စည်းမှု၊ လေ့ကျင့်မှုများ တိုးတက် ရန် သက်ဆိုင်ရာဌာနများမှ စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

သူရဦးအောင်ကို (ကန်ပက်လက်)မြန်မာနိုင်ငံမှာ ကြက်ခြေနီအသင်းကို ၁၉၂၀ ခုနှစ်မှ စတင်ဖွဲ့စည်း ပါကြောင်း၊  မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ရည်ရွယ်ချက်သည် ဆင်းရဲဒုက္ခနည်း ပါးသက်သာစေရန် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေး ဒုက္ခရောက်သူများကို ကူညီရန်ဆိုသည့် လုပ်ငန်း (၃) ရပ်ကိုအကောင် အထည်ဖော် ရန်ဖြစ်သည်ကို သိရှိပါကြောင်း၊  ကြက်ခြေနီအသင်းဖွဲ့စည်းတည်ထောင်ရန် ရည်ရွယ် ချက်၊ ရည်မှန်းချက်နှင့်မူဝါဒများ၊ မြင့်မြတ်ကောင်းမွန်သကဲ့သို့ ကြက်ခြေနီ အသင်း ဝင်များသည်လည်း စေတနာ့ဝန်ထမ်းများသာ ဖြစ်ကြပါကြောင်း၊  သို့သော် ကြက်ခြေနီ ဝတ်စုံကို ကိုယ်ပိုင်ငွေဖြင့်သာ ဝယ်ယူဝတ်ဆင်ကြရသည့်အပြင်  သူနာပြုလက်သုံး ကိရိယာကိုလည်း တန်ဖိုးကြီးမားသောကြောင့် အသင်းဝင်အများ စုကြီးမှမဝယ်နိုင် သည့်အကြောင်းများကို သိရှိရပါကြောင်း၊ ထို့ကြောင့် ကြက်ခြေနီအဖွဲ့ဝင်များ သည် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် မကြာ ခဏကြုံတွေ့နေရကြောင်း၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့များမှ နှစ်စဉ် ဘဏ္ဍာငွေထောက်ပံ့ခြင်း၊ လက်သုံးကိရိယာ အသုံးအဆောင်ထောက်ပံ့ပစ္စည်းများအပါ အဝင် ထောက်ပံ့မှုမျိုးစုံပြုလုပ်နေကြောင်း သိရှိရသော် လည်း ပွင့်လင်းမြင်သာမှုနှင့် ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းများကြောင့် အောက်ခြေအဖွဲ့များ ထံမရောက် သည့်အပြင် တာဝန် ထမ်းဆောင်စဉ်ကာလများအတွက် နေ့တွက်စရိတ်၊ စားစရိတ် အကုန်မှမရရှိကြောင်း ကိုတင်ပြချက်များအရ သိရှိရပါကြောင်း၊  ကြက်ခြေနီ အဖွဲ့ဝင်များသည် လုပ်ငန်းနှင့် မသက်ဆိုင်သော အခြားသော သန့်ရှင်းရေး လုပ်ငန်းများ၊ လုံခြုံရေးတာဝန်များနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများက ပေးအပ်သည့် အခြားသော လုပ်ငန်းမျိုးစုံကိုပင် ဦးစားပေးလုပ်ဆောင်နေရကြောင်း၊  ထို့ကြောင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းကို ပြည်သူကိုအကျိုးပြု ဂုဏ်သိက္ခာမြင့်မားသော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန်အတွက် အောက် ပါ မေးခွန်းများကို မေးမြန်းလိုပါကြောင်း၊

(၁) နိုင်ငံတကာနှင့် ပြည်တွင်းမှာရရှိသော အထောက်အပံ့များကို နှစ်စဉ်ထုတ်ပြန်ကြေညာပေး ရန်နှင့် ပွင့်လင်းမြင် သာမှုရှိရှိ ထိန်းသိမ်းသုံးစွဲရန်၊

 (၂) နိုင်ငံတကာမှထောက်ပံသော လက်သုံးကိရိယာ များ၊ အခြားပစ္စည်းကိရိယာများကိုလည်း ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးရန်၊

(၃) သင့်လျော် ကောင်းမွန်သော ကြက်ခြေနီဝတ်စုံများကို အခွန်အမြတ်သို့ထောက်ပံ့ပေးရန်၊

(၄) အရေးပေါ် တာဝန် ထမ်းဆောင်ခြင်းများတွင် ခရီးစရိတ်၊ စားစရိတ် စသဖြင့် ထောက်ပံ့ပေးနိုင်အောင်စီမံပေးရ၊

(၅) နိုင်ငံ တော်အဆင့် အမျိုးသားရေးတာဝန်များမှအပ အခြားသော ကြက်ခြေနီးအသင်းနှင့် မသက်ဆိုင်သည့်တာဝန် များ မပေးအပ်ရန်၊

(၆) ကြက်ခြေနီအဖွဲ့သည် နိုင်ငံတော်အတွက် အမျိုးသားရေးအရံအင်အားစုကြီးဖြစ်ကြောင်း ခံယူကြသည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုးများ ကြုံတွေ့ရချိန်တွင် မြင့်မားသောစွမ်းဆောင်ရည်ဖြင့် ပြည်သူများကို ကယ် တင်စောင့်ရှောက်နိုင်ရန်အတွက် လိုအပ်သော ဖွဲ့စည်းမှု၊ လေ့ကျင့်မှု၊ ပံ့ပိုးမှုများ တိုးတက် ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများက စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။