(ဆ)-အလုံမြို့နယ်ရှိလမ်းများတွင်အန္တရာယ်ရှိသော ဓာတ်တိုင်များ၊အသစ်ဖြည့်ရန်လိုအပ်လျက်ရှိသော ဓာတ်တိုင်များနှင့်နှစ်(၃၀)ကျော်နေသောလျှပ်စစ် ကြိုးများကိုပြုပြင်တပ်ဆင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-19

ဦးခိုင်မောင်ရည် (အလုံ)ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်များမှ ဟောင်းနွမ်းဆွေးမြေ့နေသည့် အချို့သော မီးတိုင်များမှာ ခြေရင်းတွင် ပျက်ထွက်လုမတက် ဖြစ်နေပြီး အန္တရာယ်ရှိအ သွင်ဆောင်နေခြင်း၊ အချို့သော ဓာတ်တိုင်များတွင် တစ်တိုင်ထဲမှ အိမ်ခန်းပေါင်းများ စွာမှ ဆွဲယူသုံးစွဲပြီး ဓာတ်ကြိုးများချုပ်ထွေးကာ ပျက်ရိနေသကဲ့သို့ဖြစ်ခြင်း၊ သစ် ပင်များနှင့် ညှိနေ၍  မီးများလောင်နေခြင်း၊ အ.ထ.က (၃)အလုံတွင်လည်း  အနှစ် ၃၀-၄၀ ခန့်ရှိ ဓာတ်ကြိုးများကို ဟောင်းနွမ်းနေခြင်း၊ လျှပ်စစ်ရှော့ဖြစ်၍ မီးလောင်ခြင်းများရှိပါကြောင်း၊  လျှပ်စစ်ဌာနကလည်း  ငွေကြေးကုန်ကျများ စွာဖြင့် ကျေးလက်များအထိ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်နေခြင်းများ ယူနစ်ပျောက်ဆုံးမှုအတွက် ပြုပြင်ပြောင်းလဲတပ်ဆင်မှုများ ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားစနစ်များကို တိုးတက်ဖွံ့ဖြိုးစေရန် အစီအစဉ်ရှိခြင်းများကို လည်း တွေ့ရှိရပါကြောင်း၊ သို့သော် ယခင်ကရှိသော လျှပ်စစ်စနစ် အသုံးပြုပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အန္တရာယ်မရှိ ကောင်းမွန်စွာသုံးစွဲနိုင်အောင် ကြိုးစားအားထုတ်နိုင်ခြင်းသည်လည်း အရည်အချင်းကောင်းတစ်ရပ်ဖြစ်ပါကြောင်း၊  မိမိအနေဖြင့် သိရှိလိုသည်မှာ (က) အလုံမြို့နယ်ရှိလမ်းများတွင် အန္တရာယ်ရှိသော ဆွေးမြေ့ဟောင်းနွမ်းဓာတ်တိုင်များနှင့် အသစ်ဖြစ်ရန်လိုအပ်လျက်ရှိသော ဓာတ်တိုင်များ သက်တန်းကြာမြင့်ပြီဖြစ်သော နှစ် ၃၀ ကျော် လျှပ်စစ်ကြိုးများကို အစားထိုးပြင်ဆင်ပြုပြင်တပ်ဆင်ပေးရန် (ခ) ရန်ကုန်တိုင်းအတွင်းရှိ အန္တရာယ်ရှိ လျှပ်စစ်ကြိုး၊ လျှပ်စစ်ဓာတ်တိုင်များ ပြုပြင်တပ်ဆင်ပေးရန် (ဂ) အန္တရာယ်ရှိသော သစ်ပင်သစ်ကိုင်းများ လျှပ်စစ်ကြိုးနှင့်တယ်လီဖုန်းကြိုးများ ရှုပ်ထွေးညှိတွယ်နေမှုများကို မိုးမကျမီဆောင်ရွက်ပေး ရန် အစီအစဉ်များ ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။