(ခ)-(ပုံစံ-၇)အား ဘဏ်တစ်ခုခုတွင် ပေါင်နှံခွင့်ရရှိ ရန် နှင့်စိုက်ပျိုးစရိတ်ချေးငွေအား နှစ်လတ်နှင့်နှစ် ရှည်ချေးငှားနိုင်ရေး ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် လျှောက်ထားကြရာတွင် တစ်ကြိမ်လျှောက်လျှင် ၁၀ ဧကအထိသာ လျှောက်ထားခွင့်ပေးထားပြီး ဧက ၅၀ အောက် လျှောက်ထားသော လုပ်ငန်းရှင်များ၊ ကုမ္ပဏီကြီးများနည်းတူ အချက်အလက်များအတိုင်း ဆောင်ရွက်ကြရကြောင်း၊ သက်ဆိုင်ရာမြေစာရင်းရုံးများတွင်လည်း အဆိုပါ ပုံစံမရှိကြောင်း၊ တိုင်းဒေသကြီး /ပြည်နယ်များ၌သာ ပုံစံရှိသဖြင့် ကျေးလက်နေပြည်သူများ အောက်ခြေတွင် ခက်ခဲနေရပါကြောင်း၊ ကျေးရွာအသီးသီးရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများတွင် ပြည်သူများ၏ တင်ပြချက်အရ ၎င်းတို့ အမှန်တကယ် လျှောက်ထားကြသည့် တစ်နိုင်တစ်ပိုင်ဧကများမှာ (၁)ဧကမှ (၅)ဧကအထိသာ ဖြစ်ကြောင်းတွေ့ ရှိရပါကြောင်း။ ကျေးလက်နေပြည်သူ များ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အမှန်တကယ် အထောက်အကူဖြစ်စေရန်အတွက် မြေယာမဲ့ဖြစ်နေသော ကျေးလက်နေပြည်သူများ၏ ခံစားခွင့်ကိုမြေလွတ်၊ မြေလပ် တစ်နိုင်တစ်ပိုင် လျှောက်ထားခွင့်များ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကျေးလက်နေပြည်သူများ ၁၀ ဧကအောက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း တစ်နိုင်တစ်ပိုင်လျှောက်ခွင့်ကို မည်သည့်ပုံစံ၊ မည်သည့်နေရာများသို့ လျှောက်ထားရမည်နှင့် လက်ရှိပုံစံတွင် စည်းကမ်းချက်များဖြစ်သည့် ဆောင်ရွက်ရမည့် စီမံကိန်းလျာထားချက်နှင့် ရင်းနှီးမြုပ်နှံငွေ လုံလောက်စွာ ဘဏ်စုဆောင်းငွေရှိကြောင်း၊ ၎င်းတင်ပြချက်များသည် ကျေးလက်နေမရှိ ဆင်းရဲသားပြည်သူများအနေဖြင့် မဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်ပါသဖြင့် စည်းကမ်းချက်များ လျှော့ပေါ့၍ သီးခြားပုံစံ၊ သီးခြားလုပ်ထုံးလုပ်နည်းများဖြင့် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။