(ဂ)မင်္ဂလာဒုံမြို့နယ်၊ ၂(က)ရပ်ကွက်တွင် ရေများ စီးဆင်းနိုင်ရန် မီးရထား လမ်းဖြတ် ဘောက်ကား ဘတ် (Box Culvert) တစ်ခု ပြုလုပ်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-18
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ၂-က ရပ်ကွက်၏ အနောက်ဘက်သည် ကုန်းမြင့်ဖြစ်ပြီး အရှေ့ဘက်သည် မြေပြန့် ဖြစ်ခြင်းနှင့် ရေစီးဆင်းရာရပ်ကွက်၏ အရှေ့ ဘက်၌ ရေမြောင်းမရှိခြင်း၊ မီးရထား တာလမ်းများတွင် ရေစီးရန် (Box Culvert) မရှိခြင်းကြောင့်တို့ကြောင့် ရပ်ကွက်နေပြည်သူများ အနေဖြင့် နှစ်စဉ်မိုး ရာသီရောက် တိုင်း ရေကြီးခြင်းဒုက္ခကို ခံစားနေရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ ရေစီးဆင်းနိုင်ရန် မြောင်းများတူးပေးမည်ဟု အကြောင်းပြန် ပါကြောင်း၊ မီးရထားဝန်ကြီးဌာန အနေနှင့်လည်း မီးရထားတာလမ်းဖြတ်ပြီး (Box Cul vert) တစ်ခုပြုလုပ်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မိုးရာသီ မတိုင် မီ ပြုလုပ်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။