(ဆ)-စစ်ကိုင်းမြို့နယ်၊တောင်ကြားကျေးလက်ကျန်း မာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေး ဌာနခွဲ အဖြစ် အဆင့်တိုးမြှင့်ချထားပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးခင်မောင်သိန်း (စစ်ကိုင်း)စစ်ကိုင်းမြို့နယ်၊ တောင်ကြားကျေးလက် ကျန်းမာရေးဌာနသည် ရွှေဘို-မန္တလေးလမ်းမကြီးမှ ခုနစ်မိုင်အကွာ အနောက်ဘက်တွင် ဆားတောင်ကျေး လက်ကျန်းမာရေးဌာန၏ အနောက်ဘက် ၉ မိုင်ခန့်အကွာတွင်ရှိပြီး အကျယ် အဝန်းမှာ ၇၂ စတုရန်းမိုင် ကျေးရွာအုပ်စု ၉ အုပ်စု၊ ကျေးရွာပေါင်း ၂၀ ၊ အိမ်ခြေစုစုပေါင်း ၄၀၀၇ အိမ်နှင့် လူဦးရေစုစုပေါင်း ၁၉၃၅၀ ရှိပါကြောင်း၊ တောင်ကြားကျေးလက် ကျန်းမာရေးဌာန၏ အနီးဆုံးဆေးရုံ သည် စစ်ကိုင်းမြို့ ကုတင် ၂၀၀ ခန့်ဆေးရုံဖြစ်ပြီး ၂၈ မိုင်ကွာဝေးပါကြောင်း၊ ဆားတောင်ကျေးလက်ကျန်းမာရေးဌာနနှင့် ၉ မိုင်ဝေးပါသည်။ လက်ရှိတွင် ကျန်းမာရေးဌာနခွဲရှိပြီး သားဖွားခန်းအပါအဝင် ကျန်းမာရေးမှူးနေအိမ်နှင့် ကျန်းမာရေးဆရာမနေအိမ်ကိုလည်း ဆောက်လုပ်နေပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကိုင်းမြို့နယ်၊ တောင်ကြားကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေး ဌာနအဖြစ် အဆင့်တိုးမြှင့်ချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် ချထားပေး မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။