(ဃ)-တမူးခရိုင်၊မြို့သစ်မြို့နယ်ခွဲ၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနပိုင်ဝန်ထမ်းအိမ်ရာအဆောက်အဦ များကို လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ စပြီးနှစ် အလိုက် စီမံချက်များ ချမှတ်ပြီး အသစ်ဆောက် လုပ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် မြို့သစ်မြို့နယ် ခွဲသည် အထူးခက်ခဲသည့်ဒေသဖြစ်သည့်အတွက် လစာနှစ်ဆ ခံစားခွင့်ရ ရှိသော ဒေသလည်းဖြစ်ပါကြောင်း၊  ယခင် နိုင်ငံတော်အကြီးအကဲများက ဗန်းမော်ချိုင့်ဝှမ်းဖွံ့ဖြိုးတိုး တက်ရေး အထူးစီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့တဲ့ ဒေသလည်းဖြစ်ပါကြောင်း၊  ၁၉၉၄ ခုနှစ်ကဆောင် ရွက်ခဲ့ကြသော ပလနမ တည်ဆောက်ခဲ့ကြသည့် ဝန်ထမ်းအိမ်ရာအဆောက်အဦးများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် အဖြစ်သတ်မှတ်၍ မြို့သစ်မြို့နယ်ခွဲရှိ ဌာနဆိုင်ရာဝန်ထမ်းများကို နေထိုင်ခွင့်ပေးထားပါကြောင်း၊ သို့သော် အဆောက်အဦများသည် နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်လာပြီဖြစ်ခြင်းကြောင့် အမိုးများ မလုံခြင်း၊  ကြမ်းခင်းများ အောက်သို့ နိမ့်ကျခြင်းများ ကြုံနေကြပါကြောင်း၊ မိုးတွင်းအခါကာလများတွင် ပလပ်စတစ်များ ကာရံပြီး နေရတဲ့အဆင့်မျိုးရှိလာသည့်အတွင်  ဝန်ထမ်းများက အိမ်ခြေ အဆောက်အဦ များကို ပြန်လည် ပြင်ဆင်လိုပေးစေလိုပါကြောင်း၊ ပြင်ဆင်မည်ဆိုပါကလည်း  အကြီးစားပြင် ဆင်မှုများ ပြုလုပ်လုပ်ရမည်ဖြစ်ခြင်းကြောင့် ထပ်မံ၍ အသစ်ဆောက်လုပ်ပေးခြင်းသည်သာ ပိုမို သင့်လျော် မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း စားသောက်နေထိုင်ရေး အင်မတန်ခက်ခဲသည့်အပြင် ဖွံ့ဖြိုးမှုနောက် ကျခဲ့သော ဒေသခံပြည်သူတွေများကလည်း အဆိုပါဝန်ထမ်းများကို ၎င်းတို့ဒေသတွင် အဆင်ပြေ စွာနေထိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများကို သက်ဆိုင်ရာအဖွဲ့အစည်း များမှ ပြန်လည်ဆောက်လုပ်ပေးစေ လိုကြောင်း၊  ထို့ကြောင့် မြို့သစ်မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ အဆောက်အဦးများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်အလိုက်စီမံချက်များ ချမှတ်ပြီး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊  ရှိပါက မည်သို့စီမံဆောင်ရွက်ပေးမည်နှင့်  မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။