(စ)-ရှမ်းပြည်နယ်၊မိုင်းပြင်းမြို့နယ်(၂၅)ခုတင်ဆံ့ပြည် သူ့ဆေးရုံ ဝင်းအတွင်းရှိ ဝန်ထမ်းနှင့် ဆရာဝန်များ ၏နေအိမ်များအား အသစ်ဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-19

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မြို့နယ် ဆရာဝန်ကြီး၏ နေအိမ်သည် ကြမ်းပြင်များဆွေးမြေ့ခြင်း၊ ပြတင်းပေါက်များ သည်လည်း ဆိုးရွားစွာပျက်စီးနေခြင်းအပြင် လက်ထောက်ဆရာဝန်များနှင့် ဝန်ထမ်း များ၏ နေအိမ်များသည်လည်း သွပ်ပြားများ၊ စံချိန်မမှီသော သစ်များဖြင့် အကာအ ကွယ်ပြုလျက် ဖြစ်သလိုနေထိုင်ကြရသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့ မြို့နယ်ကို ကျန်းမာရေးကဏ္ဍမြှင့်တင်ရန် လာရောက်ကြသော မြို့နယ်ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာ၊ ဆရာမများ၏  နေထိုင်စားသောက်ရေး အတွက် မိုင်းပြင်းမြို့၊ မြို့နယ်ဆေးရုံဝန်းကြီးအတွင်းရှိ မြို့နယ်ဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်များနှင့် ဝန်ထမ်းများ၏ အိမ်ယာများကို အသစ်ပြုပြင်မွမ်း မံဆောက်လုပ်ပေးရန်(သို့) ပြန်လည်ပြင်ဆင်ရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။