(က)-ဖမ်းဆီးရမိသောတရားမဝင်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ မည်သို့ အရေးယူဆောင်ရွက်ခြင်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် စီးပွား/ ကူးသန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု ပေါင်း၍ လုပ်ဆောင်မှုမှာထိရောက်မှုရှိပါသလားနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-18

ဦးသန်းမြင့် (ဝမ်းတွင်း)တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team အဖွဲ့သည် ၁-၁၁-၂၀၁၂ ရက်နေ့မှ ၃၀-၇-၂၀၁၃ ရက်နေ့အထိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှ တင်သွင်းလာသည့် တန်ဖိုးငွေကျပ် ၆.၃၂ ဘီလီယံကျော် တန်ဖိုးရှိသော အကောက် ခွန်မဲ့စ္စည်းများနှင့် ၂၀၁၃ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုး ရှိသော အကောက်ခွန်မဲ့ တင်သွင်းလာသည့်ကုန်ပစ္စည်းများကို ဖမ်းဆီးထုတ်ဖော်နိုင်ခဲ့ သည်ကို လေ့လာသိရှိရပါကြောင်း၊ ၂၀ % ရှိသော နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ၆ ဘီလီယံ ကျော် ဖမ်းဆီးဖော်ထုတ်အရေးယူခြင်းကို  ဆောင် ရွက်နိုင်ခဲ့လျှင် ကုန်သွယ်မှု ၈၀ % ရှိသော ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပေါ် ထိရောက်မှုရှိပါက နိုင်ငံ့အတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ထမ်းများနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖမ်းဆီးရမိသော တရားမဝင်ကုန်ပစ္စည်းများကို မည်သို့စီမံခန့်ခွဲမှုရှိသည်၊ မည်သို့အရေးယူဆောင်ရွက်ထားသည်၊ ပင်လယ်ရေကြောင်းကုန်သွယ်မှု စွမ်းဆောင်မှုအပေါ်တွင် တန်ဖိုးအားဖြင့်မည်မျှရှိသည်၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် ပင်လယ်ပြင်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ပို့ဆောင်မှုတွင် ထိရောက်မှုရှိပါသလားနှင့် ပင်လယ်ပြင်တွင် ဖမ်းဆီးကာကွယ်နိုင်ရန် အတွက် Mobile Team အဖွဲ့အနေဖြင့် စခန်းမည်မျှဖွင့်လှစ်ဆောင်ရွက်နေသည်၊ ဆောင်ရွက်နေမှုအမှန်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးသန်းမြင့် (ဝမ်းတွင်း) ကိုယ်စား ဦးသန်းစိုး(သာစည်)မှ မေးမြန်းပါသည်။