(ခ)-နေပြည်တော်ကောင်စီနယ်မြေအတွင်းပုံစံ(၆၆) မရရှိသေးသောပြည်သူများအားပြန်လည်စိစစ်၍ထပ် မံထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး မည်ကဲ့သို့စဉ်းစားပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိ၏ မြို့နယ်အတွင်း တစ်ခြားမြို့ နယ်များမှပုံစံ (၁၀) ဖြင့်ထွက်ရှိလာပြီး ဇမ္ဗူသီရိမြို့နယ် အတွင်း တရားဝင်နေထိုင်ခွင့်ရရှိရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာနတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆)ပြု လုပ်ပေးနိုင်ရန် လျှောက် ထားခဲ့ရာ မြို့နယ်လဝကဦးစီးမှူးမှ ၎င်းတို့ဌာနမှ ထုတ်ပေးသောအချက် (၆)ချက်ပါ ပုံစံစာ ရွက်ပေါ်ရှိ အချက်များပြည့်စုံပါက နေ့ချင်းပြီးပြု လုပ်ပေးမည်ဟုဆိုကာ ပုံစံစာရွက်များ ထုတ်ပေးပါကြောင်း၊ ထိုပုံစံစာရွက်များဖြည့်စွက်ရန် ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ရမှ လက်မှတ်ရေးထိုးပေး မည်ဖြစ် ကာမြို့နယ်ထွေအုပ်ကို ခွင့်ပြုချက်တောင်းခံသော်လည်း နေပြည်တော်ကောင် စီမှနေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များရဲ့ပုံစံ (၆၆) ကိုပိတ်ထားသည် ဟု ဆိုပါကြောင်း၊ သို့ပါသောကြောင့် ဇမ္ဗူသီရိမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူ များသည် တရားဝင်နေထိုင်ခွင့်ရရှိရန်နှင့်ပျောက်ဆုံး မှတ်ပုံတင်အသစ်ပြုလုပ်ရန် အခက်အခဲတွေ့နေရသည့် အတွက် နေပြည်တော်ကောင်စီနယ်မြေ အတွင်း ပုံစံ (၆၆) မရရှိသေး သည့် ပြည်သူများ ပုံစံ (၆၆) ထပ်မံစိစစ်၍ ထုတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိ သဖြင့်ပြောင်းရွှေ့နေထိုင်ကြလာသော ပြည်သူများ၊ နေရင်းဒေသမှ ပုံစံ(၁၀)ဖြင့် ထွက်ရှိလာပြီး နေပြည်တော်ကောင် စီနယ်မြေအတွင်း၌ နေထိုင်ကြသည်မှာ သုံးလေးနှစ်ရှိသော်လည်း ပုံစံ(၆၆) ထုတ်ပေးရန် အကြောင်းအမျိုးမျိုးဖြင့် ငြင်း ပယ်ခံနေရ သောပြည်သူများအတွက် မည်ကဲ့သို့စဉ်းစားပေးမည်နှင့် ပုံစံ (၆၆)မရှိခြင်းကြောင့် မိုးပွင့်စီမံကိန်းရှိသော် လည်း မှတ်ပုံတင်လုပ်ခွင့်မရရှိသေးသော ပြည်သူများအရေအတွက် မည်မျှ ကျန်ရှိနေသေးသည်ကို သိရှိခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ရရှိရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည် ကိုသိရှိလို ပါကြောင်း မေးမြန်းပါသည်။