(ဂ)-အမျိုးသမီးများကိုအထူးအခွင့်အရေးပေးစနစ်ကျင့် သုံး၍ နှစ်ရှည်လရှည်ရပ်တည်နိုင်ရန်အတွက်အမျိုး သမီးဝန်ကြီးဌာနတစ်ခုထားပေးသင့်ကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတိုင်းရင်းသားအမျိုးသမီးများသည် ယဉ်ကျေးမှု ကိုးကွယ်ရေးဘာသာ က နှစ်ပေါင်းများစွာလွှမ်းခြုံပြီး လူ့အခွင့်အရေးအပြည့်အဝ မရရှိသော အမျိုးသမီး များဖြစ်သည့်အတွက် ဒီမိုကရေစီခေတ် ပြောင်းလဲသော အချိန်တွင် အမျိုးသမီးများ အခွင့်အရေးကို အထူးစဉ်းစားပေးစေလိုပါကြောင်း၊ နိုင်ငံတကာကို လေ့လာ ကြည့်သည့်အခါတွင်လည်း အနောက်နိုင်ငံများ၊ အရှေ့တောင်အာဆီယံနိုင်ငံများတွင် အမျိုးသမီးဝန်ကြီးဌာန သီးသန့်ထားပေးကြသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတကာတွင် အမျိုးသမီးကိုဦးစားပေး Lady First စနစ်ကိုကျင့်သုံးသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း Lady First စနစ်ကိုကျင့်သုံးစေချင်ပါကြောင်း၊ အမျိုးသမီးများကို အထူးဦးစားပေးစနစ် ကျင့်သုံးမည်ဆိုပါက တိုင်းပြည်အေးချမ်း သာယာပြီး ပိုတိုးတက်မည်ဟုလည်း ယုံကြည် ပါကြောင်း၊ အမျိုးသမီးများသည်လည်း ကဏ္ဍာစုံတွင် တိုးတက်ဖွံ့ဖြိုး ရန်လို လားကြပြီး ကျေးရွာများ၊ မြို့များ၊ ပြည်နယ်၊ တိုင်းများတွင် အဖွဲ့များဖွဲ့ကာ လူမှုရေး လုပ်ငန်းများ လုပ်ရှားနေကြသော်လည်း ရပ်တည်ချက်မရှိ၊ ဦးခေါင်း မရှိသကဲ့သို့ဖြစ်နေကြသည့်အပြင် ယခုအစိုးရသစ် လက်ထက်တွင် အမျိုးသမီးများဦးစား ပေးလုပ်ပေးနေသော်လည်း ပြည့်စုံလုံလောက်မှု မရှိသေးပါကြောင်း၊ ထို့ကြောင့် ၂၀၁၄-၁၅ ခုနှစ် ပြည်ထောင်စု ဘတ်ဂျက်ရေးဆွဲသည့်အခါ အမျိုးသမီးများ ဘတ်ဂျက်ခွဲဝေပေးပြီး နှစ်စဉ်၊ လစဉ် ရပ်တည်နိုင်အောင် အမျိုးသမီးဝန်ကြီးဌာနကိုထားပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။