(ဂ)-သာကေတမြို့နယ်ရှိ မြင်တော်သာလမ်းအား အဆင့်မြှင့်တိုးချဲ့ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် သာကေတမြို့နယ်ရှိ မြင်တော် သာလမ်း၊ ဇင်္ဂမလမ်း ကွန်ရိစရိတ်လမ်း၊ ခိုင်ရွှေဝါလမ်းနှင့် သုမဏလမ်းများ ပျက်စီးနေ သည့်အတွက် အဆင့်မြင့်တိုးချဲ့ ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိ၊ ဆောင်ရွက်ပေး မည်ဆိုပါက ဆောင်ရွက်ပေးမည့်ကာလကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ရာ သက်ဆိုင် ရာမှ ဇင်္ဂမလမ်းနှင့် မြင်တော်သာလမ်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မှာ ပြုလုပ်ပေး မည် ဖြစ်ကြောင်း ဖြေကြားကတိပေးခဲ့ပြီး ဇင်္ဂမလမ်းကို အဆင့်မြှင့်ပြီးစီးခဲ့ပါကြောင်း။
သို့သော် မြင်တော်သာလမ်းကို ယနေ့အထိ အဆင့်မြှင့် တိုးမြှင့်ပေးခြင်း မပြုလုပ်သေး ပါကြောင်း၊ စုံစမ်းသိရှိ ချက်များအရ သုဝဏ္ဏဘောလုံးကွင်းနှင့် ဆက်သွယ်ထားသော လမ်းများကို အရေးပေါ်တိုးချဲ့ ပေးနေရ သည့်အတွက်မြင်တော်သာလမ်းပြင်ရန် ဘတ်ဂျက်ကို လွှဲပြောင်းသုံးစွဲရပြီး လမ်းကိုအဆင့်မြှင့် တိုးချဲ့ပေးနိုင်ခြင်း မရှိသေးသည်ကို လေ့လာသိရှိရ ပါကြောင်း။၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာလည်း မြင်တော်သာလမ်း အဆင့်မြှင့်တိုးချဲ့ရန် လျာထားဆောင် ရွက်ပြီး ပြုပြင်ပေးခြင်း မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ သာကေတမြို့နယ် မြင်တော်သာလမ်း အဆင့်မြှင့်တိုး ချဲ့ပေး ရန် ကတိပြုသည့်အတိုင်း ဆောင်ရွက်ပေးရန် ရှိ/မရှိနှင့် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။