(ခ)-မွန်ပြည်နယ်တွင်မူးယစ်အထူးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်း ရန်၊ လောင်းကစားမှုများ၊မူးယစ်ဆေးဝါးများနှင့်ချဲဒိုင် များအား၊ထိရောက်စွာဖမ်းဆီးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဒေါ်မိမြင့်သန်း (ရေး) မိမိတို့ မွန်ပြည်နယ်တွင် မြို့နယ် ၁၀ ခု၊ မြို့နယ်ခွဲ နှစ်ခုဖြင့် ဖွဲ့စည်းထားပြီး လူမျိုးပေါင်းစုံနေထိုင်သော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊  မိမိတို့ ပြည်နယ်ထဲတွင် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု၊ လောင်းကစားမှုများ ပေါများစွာပြုလုပ်‌နေမှုများရှိသည့် အပြင် တချို့လောင်းကစားမှုသည် ပွဲလမ်းသဘင်များဖန်တီး၍ လောင်းကစားမှု များ ဆောင်ရွက်ခြင်း၊ တချို့ချဲဒိုင်များနှင့် မူးယစ်ဆေးဝါးတွဲဖက်၍ လုပ်ကိုင်နေခြင်းများ လည်း မြို့နယ်များနှင့် ကျေးရွာများ အဆင့်များအထိ ပြန့်နှံ့ခြင်းများရှိနေပါကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ်တွင် အထူးမူးယစ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်၊  ပွင့်လင်းရာသီတွင် ပွဲလမ်းသဘင်များဖန်တီး၍ လောင်းကစားမှု လုပ်ဆောင်နေခြင်းများကို ဖမ်းဆီးရန်နှင့် မူးယစ်ဆေးဝါးများနှင့် ချဲဒိုင်များပူးတွဲ၍လည်းကောင်း၊ မူးယစ်ဆေးဝါးများကို သီး သန့်ရောင်းဝယ်မှုများလုပ်ဆောင်နေခြင်းကိုလည်းကောင်း၊ ထိရောက်စွာဖမ်းစီးရန် အစီအစဉ်ရှိ/ မရှိနှင့် ရှိပါက မည်သည်‌့အချိန်တွင် ဆောင်ရွက်ပေးမည်ကိုလည်းကောင်း၊ အစီအစဉ်မရှိလျှင် လည်း မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။