(က)-ခန္တီးမြို့တွင်အလုပ်သမားမှတ်ပုံတင်ရုံးဖွင့်လှစ် ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ချင်းတွင်းအထက်ပိုင်း စစ်ကိုင်းတိုင်းအထက် ခန္တီးခရိုင်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုင်ခွင်‌့ရဒေသ၊ မြို့နယ်များတွင် အလုပ် သမား မှတ်ပုံတင်ရုံးမရှိခြင်းကြောင့် အလုပ်လျှောက်ထားလိုသူ ဝန်ထမ်းအသစ်များအနေဖြင့် မုံရွာ၊ ကလေးဝ မြို့နယ်များ သို့ အလုပ်သမားမှတ်ပုံတင်ကတ် သွားရောက်ပြုလုပ်ရခြင်းများကြောင့် အချိန်နှင့်ငွေကြေးများစွာ ကုန်ကျပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း အထက်ချင်းတွင်းဒေသ ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ မြို့နယ်များဖြစ်သော လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်မှ ဒေသခံ ပြည်သူလူထု များအတွက် ခန္တီး သို့မဟုတ် ဟုမ္မလင်းမြို့နယ်များတွင် အလုပ်သမားမှတ်ပုံတင်ရုံးကို ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။