(င)-အုတ်တွင်းမြို့နယ်၊ ကျွဲပွဲ-အုတ်ဖို ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ အုတ်ဖိုကျေးရွာအုပ်စု ကျွဲပွဲ-အုတ်ဖိုကျေးရွာချင်းဆက်လမ်းကို ၁၉၇၃ ခုနှစ်မှ ကိုယ့်အားကိုယ်ကိုးတည် ဆောက်ခဲ့ပါကြောင်း၊ ယင်းလမ်းသည် တောင်အုတ်ဖို၊ မြောက်အုတ်ဖို၊ ရေလျံကျေးရွာ အပါ အဝင်ကျေးရွာ(၁၁)အုပ်စုမှ လူဦးရေ၊ အိမ်ထောင်စု ၈၆၁ စုခန့်ကို အကျိုးပြုလျက် ၎င်း အမြန်လမ်းတိုင်အောင် လေးမိုင်ကျော်ကွာဝေးလျက်ရှိပါကြောင်း၊ ထို့အပြင် နီးစပ်ရာကျေးရွာများဖြစ်သည့် ဆွဲလဲချောင်းကျေးရွာ၊ ကျွဲပွဲနှင့်ကျေးရွာများအပြင် သီဟိုရ် စိုက်ခင်း၊ ရော်ဘာစိုက်ခင်းနေရာများကို အကျိုးပြုလျက်ရှိပါကြောင်း၊ ယခုအခါ အမြန်လမ်းဖောက်လိုက်သည့်အတွက် ၎င်း လမ်းမကြီး ပျက်စီးပြီး ချိုင့်များဖြစ်၍ ယာဉ်များသွားလာရန်ခက်ခဲပါကြောင်း၊ အုတ်တွင်းမြို့နယ်၊ အုတ်ဖိုကျေးရွာအုပ်စုမှာရှိ ကျွဲပွဲ-အုတ်ဖိုကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး အမြန်ဆုံးခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါ သည်။