(က)-အုတ်ဖိုမြို့နယ်ရှိအတွင်း အိုးသည်ကုန်းမြို့ နယ် အေးမြသာယာ မြို့သစ်ရှိ ရပ်ကွက်များတွင် ကြံ့ခိုင်မှုမရှိသော သစ်သားဓာတ်တိုင်များအား ကွန်ကရစ်ဓာတ်တိုင်များအဖြစ်အစားထိုးပြောင်း လဲတပ်ဆင်ပေးနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးတင်ထွေး (အုတ်ဖို)ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်းရှိ အုတ်ဖိုမြို့၊ အိုးသည် ကုန်းမြို့၊ အေးမြ သာယာမြို့သစ်တို့တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးဌာနမှ သွယ်တန်းတပ်ဆင် အသုံးပြု လျက်ရှိသော သစ်သားဓာတ်တိုင် များသည် နှစ်ပေါင်း ၅၀ ကျော် သစ်သားဓာတ်တိုင်များသည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် ဆွေးမြေ့ယိုင်လဲမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မြန်မာ့လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးလုပ်ငန်းဌာန သည် မြို့နယ်အတွင်းရှိ ဖော်ပြပါမြို့အသီးသီးတို့တွင် စွမ်းအားမြင့် ထရန်စဖော်မာများ၊ ကြိုးများနှင့်တိုင်အချို့တို့ကိုသာ ပြုပြင်တပ်ဆင်ပေးနိုင် ခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ရပ်ကွက်များရှိ သစ်သားဓာတ်တိုင်များ သည် ဟောင်းနွမ်းဆွေးမြေ့ ယိုင်နဲ့နေမှုများကြောင့် လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်စေမှုနှင့် ဓာတ်အားဆုံးရှုံးမှုများ လည်း ဖြစ်ပေါ်စေပါကြောင်း၊  ပြည်သူများသည် တိုင်များကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် တတ်နိုင်သမျှလဲလှယ် အသုံးပြုခဲ့ကြပါကြောင်း၊ သို့သော် ကွန်ကရစ်ဓာတ်တိုင်များသည် တန်ဖိုးမြင့်မားသည့်အတွက် မတတ်နိုင်ကြ ပါကြောင်း။

သို့ဖြစ်ပါ၍ အုတ်ဖိုမြို့နယ်အတွင်းရှိ အုတ်ဖိုမြို့၊ အိုးသည်ကုန်းမြို့နှင့် အေးမြသာယာမြို့သစ်တို့ရှိ ရပ်ကွက်များတွင် ကြံ့ခိုင်မှုမရှိတော့သည့် သစ်သားဓာတ်တိုင်များအား ကွန်ကရစ်ဓာတ်တိုင်များအဖြစ် အစားထိုးပြောင်းလဲ တပ်ဆင်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။