(ဂ)-ဘိုကလေးမြို့နယ်ရှိတောင်သူလယ်သမားများ အတွက်တောင်သူပညာပေးသင်တန်းများ၊ပညာပေး ဥယျာဉ်စိုက်ခင်းများ၊ ရေငန်တားတာတမံများဆောင် ရွက်ပေးရန်နှင့်သစ်တောကျူးဧရိယာများကိုစိုက်ပျိုး စရိတ်ချေးငွေများထုတ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဘိုကလေးမြို့နယ်သည် မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ဒုတိယအများဆုံးစိုက်ပျိုးသည့် မြို့ဖြစ်ပါသည်။ မိုးစပါးစိုက်ဧက ၃၁၈၂၄ ဧကရှိပြီး နွေစပါးစိုက်ဧက ၉၉၈၈၁ ဧကစိုက်ပျိုး နိုင်ပါကြောင်း၊ ၎င်းစိုက်ပျိုးမြေဧရိယာများအနက် ရေချိုစိုက်ဧက (၁)သိန်းနှင့် ရေချို/ရေငန်စိုက်ဧက (၁)သိန်း၊ ပင်လယ်ရေငန်ဝင်စိုက်ဧက (၁)သိန်း ခန့်ပါဝင်ပါသည် ရေချိုစိုက်ဧက (၁)သိန်းတွင် မိုးစပါးနှင့် နွေစပါးအပြည့်အဝစိုက်ပျိုးနိုင်ရန် ရေချို/ရေငန်စက်နှင့် ရေငန်ဝင်ဧက (၂)သိန်းခန့်၊ နွေစပါးနှင့် ဆောင်သီးနှံစိုက်ပျိုးမှုအလွန်အားနည်းလျက်ရှိကြောင်းနှင့် မိုးစပါး အထွက်နှုန်းမှာလည်း နည်းနေသေးကြောင်း လေ့လာသိရှိရပါသည်။ ရေချို/ရေငန်စိုက်ဧက တစ်သိန်းသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးနိုင်သော ဆည်မြောင်းကျွန်းတွင်းဧရိယာနှင့် ကျွန်းပြင်ပနေရာများတွင်ရှိသည့် ရေငန် ဝင်ဧက တစ်သိန်းခန့်သည် ယခင် သစ်တောကျွန်းဧရိယာအတွင်း အများစုပါဝင်နေကြောင်း တွေ့ရှိရပါကြောင်း၊ ၎င်းဧရိယာများအတွင်းရှိ လယ်သမားများသည် စိုက်ပျိုးစရိတ်ချေးငွေများ မရရှိသည့်အတွက် အခက်အခဲများရှိကြောင်း၊
ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းအင်အားနည်းပါးပြီး သွားလာရေးအတွက် ဌာနပိုင်ရေယာဉ်၊ မော်တော်ယာဉ်များ မရှိသည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၌ လွှမ်းခြုံ နိုင်မှုမရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ဒေသများတွင် မိုးစပါးတစ်သီးမှ ဆောင်းသီးထပ်များ စိုက်ပျိုးနိုင်ရေး၊ ရိုးဖြတ်ကျန် ဧက နည်းပါးရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ပိုမိုလွှမ်းခြုံနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပင်လယ်ပိုင်းဒေသများ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေးဆိုင်ရာ တောင်သူလယ်သမားပညာပေးသင်တန်းများ၊ ပညာ ပေးဥယျာဉ်စိုက်ခင်းများ၊ ရေငန်တားတာတမံများပြုပြင်ခြင်း၊ တည်ဆောက်ပေးခြင်းနှင့် သစ်တောကျူး လယ်မြေများကို စိုက်ပျိုးစရိတ် ချေးငွေတိုးချဲ့ထုတ်ပေးရန် အစီအစဉ်များရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။