(ခ)-ပဲခူးမြို့တစ်ဝိုက်တွင်သဘာဝဓာတ်ငွေ့အရောင်း ဆိုင်များအမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးပါ ရန်နှင့်ဆောင်ရွက်မည့် အစီအစဉ်များကို သိလို သည်နှင့် စပ်လျဉ်းသည့်မေးခွန်း
ပဲခူးမြို့သည် ရန်ကုန်မြို့မှ မိုင် ၅၀ ခန့်သာကွာဝေးပြီး လူဦးရေ ထူထပ်များပြားလာနေ သည့် မြို့တစ်မြို့ဖြစ်နေသည့်အပြင် ဟံသာဝတီလေယာဉ်ကွင်း၊ နစ်ဆန်းကားကုမ္ပဏီ၊ Night ရှူးဖိနပ်စက်ရုံ၊ မော်တော်ယာဉ်တပ်ဆင်စက်ရုံ၊ သင်္ဘောဆေးစက်ရုံ၊ ကိုးရီး ယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အထည်ချုပ်စက်ရုံများနှင့် ကြီးမားသော စက်မှုစီမံကိန်းကြီး များထွန်းကားလာနေသော မြို့လည်းဖြစ်ပါကြောင်း၊ တန်ခိုးကြီးဘုရားများ တည်ရှိရာ ရှေးဟောင်းသမိုင်းဝင်မြို့တစ်မြို့လည်းဖြစ်သည့်အတွက် ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စား အလာအရောက်များပါကြောင်း၊ သို့သော်လည်း သဘာဝဓာတ်ငွေ့ အရောင်းဆိုင်မရှိခြင်းကြောင့် ဓာတ်ငွေ့သုံး Taxi ကားများသည် ပဲခူးကိုသွားရန်ပင် ခက်ခဲမှုများဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် ပဲခူးနှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသော သနပ်ပင်မြို့နယ်ထဲက ဖြတ်သွားသည့် ဓာတ်ငွေ့ပိုက်လိုင်းမှ ကွာဝေးပါကြောင်း၊ ခွဲထုတ် ၍ဖြစ်စေ တခြားနည်းနှင့်ဖြစ်စေ ပဲခူးမြို့တစ်ဝိုက် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်ပေးခြင်းဖြင့် Taxi ကားများခရီးသည် တင်ကားများနှင့်ကုန်တင်ယာဉ်မျာ်း ပြေးစွဲနိုင်မည်ဖြစ်ပြီး ပဲခူးမြို့ အရှေ့ခြမ်းမှ လယ်ယာထွက်ကုန်များကိုလည်း ရန်ကုန်သို့ သယ်ယူစရိတ်သက်သာစွာ ပို့ဆောင်နိုင်မည်ဖြစ်ပါကြောင်း ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျှော့နည်းသက်သာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျော့ချရေးကိုပါ အထောက်အကူဖြစ်စေခြင်း၊ တို့အပြင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ရုံသာ တည်ဆောက်ပေးနိုင်မည်ဆိုပါက လေဆိပ်နှင့်စက်မှု စီမံကိန်းကြီးများ အတွက်ပါ လျှပ်စစ်ဓာတ်အား လုံလောက်ပြီး အလွန်အကျိုးဖြစ်ထွန်းမည်ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့က အထူးစဉ်းစားပေးစေလိုပါကြောင်း၊ ထို့ကြောင့် ပဲခူးမြို့တစ်ဝိုက်တွင် သဘာဝဓာတ်ငွေ့အရောင်းဆိုင်များ အမြန်ဆုံးဖွင့်လှစ်ပေးမည့် အစီအစဉ်များရှိ/ မရှိ ကို မေးမြန်းပါသည်။