(ခ)-လဲချားမြို့နယ်၊ပုံနေကျေးရွာအုပ်စုနှင့်ဝမ်စဲ့ကျေး ရွာအုပ်စု၂ခုအတွက်ထရန်စဖော်မာကြီးများ၊ကွန်က ရစ်ဓာတ်မီးတိုင်များ၊ လျှပ်စစ်မီးကြိုးများနှင့်ဆက်စပ် ပစ္စည်းများကိုကူညီသွယ်တန်းဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဦးစိုင်းမောင်တင် (လဲချား)လဲချားမြို့သည် ကျိုင်းတောင်း ရေအားလျှပ်စစ် ၆၆ ကေဗွီအေ ဓာတ်အားခွဲစက်ရုံမှ မီးရရှိနေပါပြီ ဖြစ်ပါကြောင်း၊ လဲချား-မိုင်းကိုင် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လဲချား မြို့နှင့် (၅) မိုင်ခန့်ဝေးကွာသော ပုံနေကျေးရွာအုပ်စု၊ ဝမ်မိုင်ဆုံစံပြကျေးရွာတွင် အိမ်ထောင်စု ၁၆၀၊ လူဦးရေ ၁၀၀၀ နီးပါးခန့် ရှိပြီး လယ်ယာခြံစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရပါကြောင်း၊ လဲချား-မိုင်းနောင်-မိုင်းရှူး ပြည်ထောင်စု ကားလမ်းမကြီး ပေါ်ရှိ လဲချားမြို့နှင့် (၂) မိုင်ခန့်ဝေးကွာသော တိန်းချောင်း၏ အရှေ့ဘက်ကမ်းနဖူးတွင် တည်ရှိသော ဝမ်စဲ့ ကျေးရွာအုပ်စုတွင် ပါဝင်သော မတ်လန်း၊ ဝမ်ဟိုင်းနှင့် ဝမ်မွမ်းကျေးရွာတို့တွင် အိမ်ထောင်စု ၂၅၀ နီးပါးနှင့် လူဦးရေ ၁၃၃၅ ဦးရှိသည့်အပြင် လယ်ယာခြံစိုက်ပျိုးရေးလုပ်ငန်းများ၊ ဆန်စက်၊ ဆီစက်နှင့် ဆီထွက်သီးနှံ ပွဲရုံများလည်း ရှိသည့်အတွက် အဆိုပါ ကျေးရွာအုပ်စုနှစ်ခုအတွက် လိုအပ်သော ထရန်စဖော်မာစက်ကြီးများ၊ ကွန်ကရစ်ဓာတ်မီးတိုင်များ၊ လျှပ်စစ်ဓာတ်မီးကြိုးများနှင့် ဆက်စပ်ပစ္စည်းများ ကို ပြည်ထောင်စုအစိုးရ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ  ကူညီသွယ်တန်း ဆောက်လုပ်ပေးစေလိုပါကြောင်း၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီးမြို့နယ် များသည်နိုင်ငံရေးမတည်ငြိမ်ခဲ့မှု၊ တန်းတူညီမျှမှုမရှိခဲ့မှုတို့ကြောင့် ခေတ်နောက် ကျခဲ့သော်လည်း ယခုကဲ့သို့နိုင်ငံတော်ကြီးကို ပြန်လည် ထူထောင်ရေးကာလတွင် ပြည်သူတို့၏ လူမှုဘဝကို မြှင့် တင်ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရေးကိုလည်း အားဖြည့်ပေးရာ ရောက်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ ကျေးရွာအုပ်စုနှစ်ခုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောက်လုပ်ပေးနိုင် မည်ဆိုပါ က ဆောက် လုပ်ပေးနိုင်မည့်အချိန်နှင့် ဆောက်လုပ်မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းမေးမြန်း ပါသည်။