(စ)-ကျုံပျော်မြို့နယ်ပြည်သူ့ဆေးရုံအားလက်ရှိ အဆင့်မှခုတင်(၅၀)အထူးကုဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ /မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-18

ဒေါက်တာစိုးသူရ (ကျုံပျော်)ကျုံပျော်မြို့နယ် ပြည်သူ့ဆေးရုံသည် မြို့ပေါ် (၄)ရပ်ကွက် တွင် နေ ထိုင်ကြသော ပြည်သူလူထုများ၊ မြို့နယ်မှ တိုက်နယ် အတွင်းရှိ ကျေး လက်နေပြည် သူ များ၊ နယ်နိမိတ်ချင်းထိစပ်နေသော ရေကြည်မြို့နယ် အတွင်းရှိ ကျေး လက်နေပြည်သူများ၏အားထားရာ ဆေးရုံဖြစ်ပြီး  ၂၀၀၉ ခုနှစ်တွင် ၁၆ ခုတင်ဆံ့ ဆေးရုံအဖြစ်မှ ၂၅ ခုတင်ဆံ့ဆေးရုံအဆင့်သို့ တိုးမြှင့်ခွင့်ပြုခဲ့ပါကြောင်း၊ ၎င်းအပြင် ကျုံပျော်မြို့နယ်၏ တိုက်နယ်ဆေးရုံများဖြစ်သော အထောင်၊ ရေစခန်း ၊အင်းရဲဒိုက်တပ်ကင်းတိုက်နယ်များ၏ ဆေးရုံတို့မှ လွှဲပြောင်းလူနာများအား လည်း စောင့်ရှောက် ကုသပေးလျက်ရှိသော ဆေးရုံ တစ်ရုံဖြစ်သည့်အတွက် လူနာဦးရေများပြားလေ့ရှိသော မိုးရာသီတွင် လူနာများမှာ ကျဉ်းကြပ်စွာမျှတနေ ထိုင်ကြရပြီး လိုအပ်ချက်များရှိပါက အချို့မှာ ညွှန်းပို့လွှဲပြောင်းခြင်း ခံကြရပါကြောင်း၊  ယင်းဆေးရုံမှ ဟင်္သာတ ပြည်သူ့ဆေးရုံသို့ မိုင် ၄၀ ခန့်နှင့် ပုသိမ်ဆေးရုံကြီးသို့ မိုင် ၆၀ ကျော် ကွာဝေးခြင်းကြောင့် ငွေကြေးနှင့် သွားလာရေးအခက်အခဲများကြောင့် ဒေသခံဆင်းရဲနွမ်းပါးသူများ အခက် အခဲကြုံတွေ့နေကြရပါကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ အားထားရာဖြစ် သော ကျုံပျော်မြို့ နယ် ပြည်သူ့ဆေးရုံကို ခုတင် (၅၀) အထူးကုဆေးရုံအဆင့်သို့ တိုးမြှင့်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါ က မည်သည့်ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။