(ခ)-မော်လမြိုင်မြို့မှချောင်းဆုံမြို့နယ်သို့ဆက်သွယ် မည့်၆၆KVဓာတ်အားလိုင်းလုပ်ငန်းနှင့် မော်လ မြိုင်- ချောင်းဆုံမြစ်ကူးတံတား ဆောက်လုပ်ခြင်း စီမံကိန်းများနှင့် စပ်လျဉ်းသည့် မေးခွန်း
မော်လမြိုင်မြို့မှ ချောင်းဆုံမြို့နယ်သို့ဆက်သွယ်ပြီး ၆၆ KVA လျှပ်စစ်မဟာဓာတ်အားလိုင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်ရန် သက်ဆိုင်ရာတို့က တာဝန်လွှဲအပ်ထားကြောင်း သိရှိရပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါဓာတ်အားလိုင်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် စတင်တည်ဆောက်ရန်လျာထား သတ်မှတ်ထားသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဘဏ္ဍာရေးနှစ် ပထမခြောက်လကာလအတွင်း ဆောင်ရွက်ရန် လုပ်ငန်းများကို ရာခိုင်နှုန်း မည်မျှပြီးစီးအောင် ဆောင်ရွက်ထားရှိပြီးဖြစ်သည်ကို သိရှိလိုကြောင်းနှင့် ဓာတ်အားလိုင်းလုပ်ငန်း တစ်ခုလုံးပြီးစီးရန် မူလက ကတိကဝတ်ပြုထားသော ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်ကာလ အတွင်း အမှန်တကယ်ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ ဆိုသည့်ကိစ္စကိုလည်း ဒေသခံများက သိရှိလိုပါကြောင်း။
ထို့နောက် မော်လမြိုင်နှင့် ချောင်းဆုံးမြစ်ကူးတံတားဆောက်လုပ်ရေးစီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာ ရေးနှစ် ပထမခြောက်လတွင် အကြိုလုပ်ငန်းအဖြစ် လေ့လာမှုလုပ်ငန်းများ နေရာရွေးချယ်ခြင်း၊ တိုင်းတာခြင်း၊ စမ်းသပ်ခြင်းများနှင့် တံတားဒီဇိုင်းပုံစံအား အတည်ပြုချက်ရယူခြင်းများနှင့် ရာသီဥတု အခြေအနေများအပေါ်တွင် လည်းကောင်း စိစစ်သုံးသပ်၍ မည်သည့်လုပ်ငန်းတွင် လုပ်ငန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ကိုလည်းကောင်း၊ မြစ်ကူးတံတား တစ်စင်းလုံးဆောက်လုပ်ရာတွင် မူလပြီးစီးရန် လျာထားသောအချိန်ကာလတွင် ပြီးစီးနိုင်ဖွယ်ရှိ/မရှိ တို့ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။