(ဂ)-လွှတ်တော်မှဖွဲ့စည်းထားသောကော်မတီများမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့မေးမြန်းခြင်း အပေါ် ပြန်ကြားချက် မရရှိသော ကိစ္စရပ်များအား အသိပေး ပြန်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-18
လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့နယ်မြေ၏ လိုအပ်ချက်များ၊ မဲဆန္ဒရှင်များ၏ လိုအင်ဆန္ဒနှင့် တင်ပြချက် များကို လွှတ်တော်ကဖွဲ့စည်းပေးထားသော ကော်မတီများကို တင်ပြခဲ့ကြပြီး ထိုမှတဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများ သို့ ဆက်လက်ကြောင်းကြား ပေးပို့ခဲ့ပါကြောင်း၊ သို့သော်လည်း တင်ပြချက်များ အပေါ် ဝန်ကြီးဌာနများက ဆောင်ရွက် ချက်များရှိသော်လည်း သက်ဆိုင်ရာကိုယ်စားလှယ်ထမှံ ပြန်လည် အကြောင်းခြင်း မရှိသည့်အတွက် ကိုယ်စားလှယ် များအနေနှင့် မဲဆန္ဒရှင်များကို ပြန်လည်အသိပေးရန် အခက်အခဲကြုံတွေမှုများ တွေ့ရှိခဲ့ရပါကြောင်း၊ သို့ပါ၍ ဝန်ကြီးဌာန များအနေဖြင့် ဆောင်ရွက်ချက်များကို သက်ဆိုင်ရာကိုယ်စားလှယ်များထံ အသိပေးအကြောင်းနိုင်ခြင်းရှိ/မရှိ မေးမြန်းပါ သည်။