(ခ)-နိုင်ငံ့ဝန်ထမ်းတစ်ဦး နာမကျန်းဖြစ်သည့် အခါ ကုန်ကျစရိတ်ကို တောင်းဆိုပိုင်ခွင့်ရှိပါသလား၊လုပ် ငန်းကြောင့်ရရှိသောရောဂါများနှင့်ပတ်သက်၍ဆေး ကုသမှုကုန်ကျစရိတ်ကို နိုင်ငံတော်ကကျခံပါသလား တို့နှင့်စပ်လျဉ်းသည့် မေးခွန်း
၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့စွဲ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၅) ဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေအခန်း (၄) ပုဒ်မ ၁၁ တွင် ဝန်ထမ်းအခွင့်အရေးများကို ဖော်ပြထားပြီး အပိုဒ်ခွဲငယ် (ဇ) တွင် ဆေး စစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်များ အခွင့်အရေးတစ်ရပ်အဖြစ် ပါဝင် ပါကြောင်း၊ ဖော်ပြပါအခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည် ဟုလည်း ဖော်ပြထားပြီး မည်ကဲ့သို့သော သတ်မှတ်ချက်များဖြစ် သည်ကို မသိကြသော ဝန်ထမ်းများသည် ကျန်းမာရေးဆေးစစ်ခံပိုင်ခွင့်၊ ဆေးကုသခံ ပိုင်ခွင့် များ တောင်း ဆိုနိုင်ကြခြင်းမရှိကြ၍ အခွင့်အရေးများဆုံးရှုံးရပါသည်။
(၁) ဝန်ထမ်းတစ်ဦး နာမကျန်းဖြစ်သည့်အခါ ဆေးစစ်ခံယူရာတွင် ကုန်ကျစရိတ် ကို တောင်းဆိုပိုင်ခွင့်၊
(၂) ကုန်ကျစရိတ်ကို တောင်းဆိုပိုင်ခွင့်ရှိပါက အစိုးရဆေးရုံ ဒါမှမဟုတ် ပုဂ္ဂလိကဆေးရုံတွင် ဆေးစစ်ခံခြင်းကို ခွင့်ပြုခြင်း ရှိ/မရှိ၊
(၃) ဆေးကုသမှုကုန်ကျ စရိတ်ဖြစ်စေ၊ ဆေးစစ်ခံကုန်ကျစရိတ်များကို မည်သည့်ကန့်သတ်ချက် များနှင့်ခွင့်ပြုသည်၊
(၄) ဆေးစစ်ခံယူခြင်းနှင့် ဆေးကုသခံယူခြင်းကို ဝန်ထမ်းအမျိုးအစား ရာထူးအဆင့်အလိုက် ခံစားခွင့် ခွဲခြား ထားခြင်း ရှိ/မရှိတို့နှင့်
(၅) လုပ်ငန်းသဘောကြောင့် ရရှိသောရောဂါများနှင့်ပတ်သက်၍ နိုင်ငံံ့ဝန်ထမ်းသည် ဆေးကုသမှုခံယူခွင့်ရရှိပြီး ကုန်ကျစရိတ်ကို နိုင်ငံတော်မှ ကျခံပေးမည်လားဆိုသည့် မေးခွန်းများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။