(င)-အတည်ပြုပြဋ္ဌာန်းပြီးသည့်ဥပဒေများ၊နည်းဥပဒေ များနှင့် အမိန့်၊ ညွှန်ကြားချက်များကို အုပ်ရည်မည် မျှဖြန့်ဖြူးရောင်း ချလျှက်ရှိသည်နှင့် ယခုထက်ပို မိုဖြန့်ဖြူးရောင်းချပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
ယခုအခါ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အသစ်ပြဋ္ဌာန်း ခြင်းများ ပြုလုပ်လျက်ရှိသကဲ့သို့ အဆိုပါ အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေများနှင့်အညီ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်လျက် လုပ်ငန်းဆောင် တာများကို ဆောင်ရွက်လျက်ရှိနေကြပါကြောင်း၊ အဆိုပါ အတည်ပြုပြဋ္ဌာန်းပြီးဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များကို ပြည်သူများ အလွယ်တကူလေ့လာနိုင်ရန် အတွက် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ဝေဖြန့်ဖြူးရောင်းချရန်မှသာ ပြည်သူများအနေနှင့်ပြ ဋ္ဌာန်းထားသော ဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များကို အလွယ် တကူ ဝယ်ယူဖတ်ရှု လေ့လာမှတ်သားပြီး လိုက်နာဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ထိုကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော ဥပဒေများ၊ နည်းဥပဒေများနှင့် အမိန့်ညွှန်ကြားချက်များကို ပြည်သူများ လေ့လာသိရှိနိုင်ရေးအတွက် အတည်ပြုပြဋ္ဌာန်းပြီးသော ဥပဒေစာအုပ်တစ်မျိုးလျှင် အုပ်ရေမည်မျှ ထုတ်ဝေဖြန့်ဖြူး ရောင်းချလျက်ရှိသည်ကိုလည်းကောင်း၊ ယခုထက် ပိုမိုထုတ်ဝေဖြန့်ဖြူးရောင်းချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။