(ဃ)-ရေကြည်မြို့နယ် ဒိုးကုန်း-သစ်ပုတ်မြေသား လမ်းအားရာသီမရွေးသွားလာနိုင်သောကျောက်ချော လမ်းအဖြစ်ခွင့်ပြုပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-18

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ရှိ ဒိုးကုန်းကျေးရွာအုပ်စုနှင့် ဝါးရုံလဟာကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသော ဒိုးကုန်း-သစ်ပုတ်လမ်းသည် မြေသားလမ်းဖြစ်ပြီး ပေ (၁၀၀၀၀) ရှည်လျားပါကြောင်း၊ အဆိုပါလမ်းအား ဒိုးကုန်း၊ ဝါးရုံလဟာ၊ ဝက်ရုပ်၊ ကွင်းသုံးဆင့်ကျေးရွာ လေးအုပ်စုမှပြည်သူများ အားကိုးအားထားပြု သွားလာနေရသောလမ်းဖြစ်ပြီး မြေသားလမ်း ဖြစ်ခြင်းကြောင့် မိုးရာသီကာလတွင် ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ သွားလာရေးနှင့် သီးနှံ ထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးတို့တွင် အခက်အခဲများစွာ ကြုံတွေ့လျက်ရှိပါကြောင်း၊ ဒိုးကုန်း-သစ် ပုတ်မြေသားလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် မြှင့်တင်ဆောင်ရွက် ပေးမည်ဆိုပါက အိမ်ထောင်စု ၁၇၄၇ စုနှင့် လူဦးရေ ၇၂၉၃ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ ရေကြည်မြို့နယ် ဒိုးကုန်းကျေးရွာနှင့် ဝါးရုံလဟာကျေးရွာအုပ်စုကို ဆက်သွယ်ထားသော ဒိုးကုန်း-သစ်ပုတ်မြေသားလမ်းကို ကျောက်ချော လမ်း အဖြစ် ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။