(ဂ)- မြန်မာနိုင်ငံအနေဖြင့် ချေးငွေများ ပေးဆပ်ရန် ကျန်ရှိသည့် ပြည်ပနိုင်ငံ အရေအတွက် မည်မျှရှိ သည်နှင့်နိုင်ငံတစ်ခုချင်းအလိုက်ပေးဆပ်ရန်မည်မျှ ကျန်ရှိသည်ကိုသိရှိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးကျော်ခိုင်ဝင်း (မယ်စဲ့)၄-၁၀-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော အဋ္ဌမအကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး လာရောက် ရှင်းလင်းချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံများအပေါ်ချေးငွေ များပေးဆပ်ရာ၌ နည်းလမ်းလေး သွယ်ဖြင်‌့ဖြေရှင်း ခဲ့ပါကြောင်း နောက် ထပ်ပေးဆပ်ရန် ကျန်ရှိသော နှစ်နိုင်ငံမှာ ဒိန်းမတ်နှင့် ကနေဒါနိုင်ငံများ ဖြစ်ပါကြောင်း ပဲလစ်ကရစ်နိုင်ငံ များနှင့် အကြွေးပြန်လည်ပေးဆပ်ရေး သဘောတူညီ ချက်ရရှိပြီးဖြစ် ပါကြောင်းရှင်းလင်း သွားခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ကမ္ဘာ့ ဘဏ်၏သတင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်၏ ကြွေးကျန်များကိုရှင်းလင်းရန် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ခဲ့ကြောင်းကို သိရှိရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ပေးဆပ်ရန် ကျန်ရှိသည့်နိုင်ငံများ အရေအတွက်နှင့်နိုင်ငံတစ်ခုချင်း ပေးဆပ်ရန်ငွေပမာဏ မည်မျှရှိသည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။