(က)-မြေအောက်ဓာတ်သတ္တုများ၊သစ်တောထုတ် လုပ်မှုများကိုလာရောက်လုပ်ကိုင်နေကြသောတရား ဝင်ကုမ္ပဏီများ၊တရားမဝင်ကုမ္ပဏီများမှထုတ်ယူ သယ်ဆောင်သွားခြင်းအတွက်အစိုးရမှနှစ်စဉ်နိုင် ငံတော်ဘဏ္ဍာငွေ ရရှိမှု၊သုံးစွဲမှုနှင့် စပ်လျဉ်း သည့် မေးခွန်း
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသသည် ခနောက်စိမ်းအပါအဝင် အခြားဓာတ် သတ္တုများ အရည်အသွေးပြည့်မီစွာ ရာခိုင်နှုန်းအတော်များများ ထွက်ရှိသော ဒေသ တစ်ခု ဖြစ်ပါကြောင်း၊ မိဘဘိုးဘွားများ အစဉ်အဆက် ထားရစ်ခဲ့သော၊ မြေပေါ်/မြေအောက် သယံဇာတဖြစ်ထွန်းမှုကို နိုင်ငံတော်အတွက် ဘဏ္ဍာအခွန် အခသော် လည်းကောင်း၊ တိုင်းရင်းသား ပြည်သူများနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုလုပ်ငန်းများမှာ ပြန်လည်သုံးစွဲခံစားသင့်တယ်လို့ ထင်မြင်ယူဆမိ ပါကြောင်း၊ ခနောက်စိမ်း၊ ဓာတ်သတ္တု၊ သစ်တော၊ သယံ ဇာတစသည်ဖြင့် နှစ်စဉ်တန် ချိန် ထောင်ပေါင်းများစွာ အရည် အသွေးမြှင့်သော ခနောက်စိမ်းအပါအဝင် မြေအောက် ဓာတ် သတ္တုများ၊ သစ်တောများမှ ထုတ်လုပ်မှု များတွင် ဒေသတွင်း လာ ရောက်တူးဖော် လုပ်ကိုင်ကြသော တရုတ်၊ ကုလား၊ တိုင်းရင်းသား တရားဝင်/ တရားမဝင် ကုမ္ပဏီများမှ ထုတ်ယူသယ်ဆောင်သွားခြင်းတို့ရှိသည့်အတွက် မိမိတို့မြို့နယ်၊ မိမိတို့ပြည်နယ် အစိုးရများအတွက် အတွက် နှစ်စဉ် နိုင်ငံတော်ဘဏ္ဍာငွေ မည်မျှရရှိပြီး ရရှိသောနိုင်ငံတော်အခွန်ဘဏ္ဍာများထဲမှ ရာခိုင်နှုန်းမည်မျှကို မိမိတို့ မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အတွက် ပြန်လည်သုံးစွဲခွင့်ပြုထားသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။