(ဃ)-ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်ညီညွတ်ခြင်း မရှိဆောင်ရွက်နေသောဌာနများအပေါ်မည်သို့အရေး ယူမည်ကို သိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း။
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ အခွန်အခြေခံ Tax Page များချဲ့ထွင်ခြင်း ဖြစ်သော GDP တိုးတက်မှုနှင့် လိုက်လျော ညီထွေဖြစ်စေမည့် အခွန်များနှစ်စဉ် တိုးတက်ရရှိရေးဆောင်ရွက်မည်ဟု ပါရှိပါကြောင်း၊ ယခုအခါမှာ မြန်မာနိုင်ငံတစ်ဝန်းမြို့များတွင် အထွေထွေလိုင်စင် CA နှစ်စဉ် အခွန် တိုးနေ သည့်အတွက် စားသုံးကုန်ဈေးနှုန်းများလည်း တစ်နှစ်ထက်တစ်နှစ် မြှင့်တက်လျက် ရှိပါကြောင်း၊လေလံဈေးနှုန်းသည် ဈေးနှုန်းယှဉ်ပြိုင်ပေးခြင်း ကနေဖြစ်ပေါ်လာသော် လည်း ပြည်သူလူထုဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြို့နယ်စည်ပင် သာယာရေးကိစ္စအပေါ်တွင် တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်တာဝန်ရသည်ဟု ထင်မြင်မိပါကြောင်း၊ မိမိအနေဖြင့်စည်ပင်ကို ဥပမာပြုပြီး အခြားဌာနများကို လည်း မေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊ထို့ကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မူဝါဒရည်မှန်း ချက်အတိုင်း စည်းမျဉ်းစည်ကမ်းနှင့် ညီညွတ်ခြင်းမရှိ ဆောင်ရွက်နေသော ဌာနများအပေါ် မည်ကဲ့သို့ အရေး ယူဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။