(ဆ)-အစိုးရဌာနအဖွဲ့အစည်းများမှ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေ (Budget) ဖြင့် ပစ္စည်းများ ဝယ်ယူသည့် ကိစ္စနှင့် ပတ်သက်၍ ဥပဒေရေးဆွဲထုတ်ပြန်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

အစိုးရဌာနအဖွဲ့အစည်းများသည် Budget ခွင့်ပြုငွေများဖြင့် ပစ္စည်းများဝယ်ယူခြင်း၊ ကန်ထရိုက်များဖြင့် အငှားချထား၍ လုပ်ငန်းဆောင်ရွက်စေခြင်းများ ပြုလုပ်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများအား ထိရောက်မှန်ကန်စွာ အသုံးချရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးသည် အဓိကဖြစ်သည်ဟု ယူဆမိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ အမြောက်အများသုံးစွဲရသည့် လုပ်ငန်းကြီးများကို ကန်ထရိုက်ချထားခြင်းများသည်လည်း ဝယ်ယူရေး ( Procurement )တွင် ပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အစိုးရဌာနများ၏ ဝယ်ယူရေးနှင့်ပတ်သက်၍ ဥပဒေရေးဆွဲထုတ်ပြန်ရန် အစီအစဉ်ရှိ/မရှိနှင့် လက်ရှိတွင် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။