(က)-သံဖြူဇရပ်မြို့ရှိ သေမင်းတမန်ပြတိုက် သည်ပျောက်ကွယ်လုနီးပါးဖြစ်နေသဖြင့် ပြန်လည် မွမ်းမံပေး နိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
၁၉၄၂ ခုနှစ် နိုဝင်ဘာလမှစတင်၍ ဂျပန်တပ်မတော်ကဖောက်လုပ်ခဲ့တဲ့ ယိုးဒယား -မြန်မာလမ်းကြီးသည် လူသားများစွာအသက် စတေးခဲ့ရသည့် အ တွက်သေမင်း တမန်ရထားလမ်းဟု ထင်ရှားခဲ့သည့်အလျောက် မီးရထားလမ်းဖောက် လုပ်ရာ တွင် မြန်မာတပ်ရင်းသား ၈၀၀၀ ကျော်၊ မဟာမိတ်တပ်က ၁၀၀၀၀ ကျော်တို့ အသက် ဆုံးရှုံးခဲ့ကြပါကြောင်း၊ ရထားလမ်းဖောက်လုပ် ပြီးသည့်အထိမ်းအမှတ်ပွဲကို ၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင်ကျင်းပခဲ့သည် သံဖြူဇရပ်မှပန်ပုန်း သို့သော် မင်းတမန်ရထားလမ်းသည် သံဖြူဇရပ်မြို့မှစတင်ခဲ့ပြီး ဘုရားသုံးဆူတောင်ကြားလမ်း ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ပန်ပုန်းမြို့သို့ဖောက်လုပ်ပြီး ထိုမှတစ်ဆင့် ဘန်ကောက်-စင်ကာပူမီးရထားလမ်းနှင့် ဆက်သွားရန်ဖြစ်သည့် မိုင် ၂၅၀ ကျော် ရှည်ပြီး လမ်းခုလပ်တွင် တံတားတစ်စင်းကိုလည်း တည်ဆောက်ခဲ့ပါကြောင်း၊ တံတားဆောက် လုပ်ရာတွင် မြန်မာတိုင်းရင်းသားများနှင့် စစ်သုဉ့်ပန်းအဖြစ် ဖမ်းစည်းထားသော မဟာမိတ်တပ်သားများ ပြန်လည် ပါဝင်ခဲ့ပါကြောင်း၊ အလုပ်သမားနေပန်မှု၊ ကြန့်ကြာမှုမှ ကာလအတိုး အလုပ်သမား ၃၂၂၀၄ ဦးဖြင့် ပထမအသုပ်ဖြင့် စတင်ပို့လွှတ်လိုက်သော်လည်း ထွက် ပြေးသူများကြောင့် တစ်စတစ်စလျော့ပါးလာခဲ့ရာ အလုပ်သမား ၂၁၀၀၀ ကျော် ထပ်မံခေါ်ယူရန် ဆောင်ရွက်ကြရပါကြောင်း၊ ပထမအကြိမ်တွင် ခရိုင် ၉၃ခု ရာဖွေစုဆောင်းခဲ့ပြီး ဒုတိယအကြိမ်အတွက် ကျောက်ဆည်၊ မအူပင်၊ မင်းဘူး၊ ပခုက္ကူ၊ သရက် (၅)ခရိုင်ကို ထပ်မံတိုးချဲ့ ရှာဖွေစုဆောင်း ခဲ့ပါကြောင်း၊ စုဆောင်းရေးအရာရှိ ဦးရေကိုလည်း ယခင်က အလုပ်သမား ၁၀၀၀ အတွက်(၁)ဦး ထားရမှ ၁၀၀ လျှင် (၁)ဦးနှုန်း ပြောင်းလဲ ထားရှိခဲ့သည့်အပြင် ၁၇၆၁၅ ဦး စုဆောင်းနိုင်ခဲ့ပါကြောင်း၊ တတိယအကြိမ် မိုနွန်ကားလမ်း မီးရထားဖောက်လုပ်ရာတွင်လည်း ဂျပန်တပ်တော်မှတောင်းဆိုချက်အရ ၁၉၄၃ ခုနှစ် ဇူလိုင်လတွင် အလုပ်သမား ၂၀၀၀ ထပ်မံစုဆောင်းပေးရပြန်ပါကြောင်း၊ ဤတစ်ကြိမ်တွင် ရွှေဘို၊ ကသာနှင့် မုံရွာခရိုင်များကို တွင် စုဆောင်းပြီး အလုပ်သမားအင်းအား ၂၁၀၆၉ ဦးထပ်မံစုဆောင်းရရှိခဲ့ပါကြာင်း၊ မြန်မာနိုင်ငံ ဂျပန်တပ်မတော် ဌာနချုပ်က အရံတပ်ဖွဲ့တစ်ခုဖြစ်ပြီး အခြေတပ်တပ်သားများ၊ အလုပ်သမားများ စုဆောင်းရာမှာ အဓိက ပါသော ဟေဟိုတပ် ခေါ် မျိုးချစ်တပ် လူငယ်များအဖွဲ့ကို ဖွဲ့စည်းထားရှိပါကြောင်း၊ ယင်းတပ်မှာ မြန်မာ တိုင်းရင်းသားများ၊ စစ်သုဉ်းပန်း မဟာမိတ်တပ်သားများ၊သေမင်းတမန် မီးရထားလမ်းေဖောက်လုပ်ရာ တွင် ဖောက်လုပ်ခြင်းအထိန်းအမှတ်အဖြစ် ပြတိုက်နှင့် မဟာမိတ်စစ်သင်္ချိူင်းတို့ တည်ရှိပြီး စစ်သင်္ချိုင်းတွင် ကျဆုံးခဲ့သည့် မဟာမိတ်စစ်သည်များ၏ ၁၆၁၇ ခုသော အရိုးပြာများကို မြှုပ်နှံခြင်းဖြစ်ပါကြောင်း၊ ရေစစ်သင်္ချိုင်းကို ၁၈ ဒီဇင်ဘာ ၁၉၄၆ ခုက ဗိုလ်ချုပ်အောင်ဆန်း နှင့် ဘုရင်ခံဆာဟူဘတ်ရန်းတို့ လာရောက်ဖွင့်လှစ်ပေးခဲ့ ပါကြောင့်၊ ထို့ကြောင့် သံဖြူဇရပ်မြို့ရှိ သေမင်းတမန်ပြတိုက် သည် ပျောက်ကွယ်လုနီးပါးဖြစ် ပါသဖြင့်ပြန်လည် မွမ်းမံခြင်းရှိ/မရှိ၊ မရှိပါက မည်သည့် အတွက်ကြောင့် မပြုပြင်သည်နှင့် ရှိပါက မည်သည့်အချိန်တွင် ပြုပြင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။