(ခ)-ယင်းမာပင်မြို့နယ်ရှိမြောက်ယမားတိုးချဲ့လက်ဝဲ တူးမြောင်းစီမံကိန်းမှာ မည်သည့်ကာလတွင် ပြီးစီး မည်နှင့် မည်သည့်လမှစ၍ ရေပေးဝေနိုင်မည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း
မြောက်ယမားတိုးချဲ့တူးမြောင်းသည် မြောက်ယမားဆည်မှ ထပ်မံတိုးချဲ့ထားသော တူးမြောင်းဖြစ်ပြီး မြောက်ယမားဆည်သည်လည်း ၁၉၉၇-၁၉၉၈ ကတပ်မတော်အစိုးရလက်ထက်က အမြော်အမြင်ကြီးမားစွာဖြင့် တောင်သူလယ်သမားတွေအပေါ် စေတနာထား တည်ဆောက်ပေးသွားသည့် ဆည်ဖြစ်ပါကြောင်း၊ အဆိုပါ ဆည်မှပင် သောက်သုံးရေကို ပုလဲမြို့နယ်မှ သုံးပုံနှစ်ပုံခန့်၊ ယင်းမာပင်မြို့နယ်မှ သုံးပုံတစ်ပုံခန့် ရရှိပါကြောင်း၊ ဆည်၏ အထက်တွင် ပုံတောင်ကြောရှိအတွက် ၂၀၀၇-၂၀၀၈တွင် မြောက်ယမားရေလှောင်တမံကို ထပ်မံတည်ဆောက်ခဲ့ရာ သိုလှောင်ရေများ အများအပြားရှိပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပုလဲနှင့် ယင်းမာပင် မြို့နယ်က တောင်သူလယ်သမားများအနေဖြင့် သိုလှောင်ရေများကို အကျိုးရှိရှိ အသုံးပြုနိုင်ရန်အတွက် ပုလဲမြို့နယ်တွင် လက်ယာတိုးချဲ့ တူမြောင်း၊ ယင်းမာပင်မြို့နယ်တွင် လက်ဝဲတိုးချဲ့ တူးမြောင်းကို စတင်ပြီး တည်ဆောက်ခဲ့ပါကြောင်း၊ အဆိုပါ တူးမြောင်းများ စတင်တူးဖော်စဉ်ကပင် တောင်သူများအနေဖြင့် စိုက်ပျိုးရေး တိုးချဲ့လုပ်ကိုင်မှုအတွက် အင်မတန်မှအားကိုးကြီးစွာဖြင့် မျှော်လင့်တောင်းတနေကြသည့်အတွက် တူး မြောင်း များ တူးဖော်ခြင်းကို အမြန်ဆုံးပြီးစီးစေချင်ပါကြောင်း၊ ယင်းမာပင်မြို့နယ်တွင်းရှိ လက်ဝဲဘက် တူးမြောင်းအပြင် ပုလဲမြို့နယ်ထဲတွင် ပါဝင်သော အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရသော လက်ယာတူးမြောင်း တိုးချဲ့ခြင်းကိုပါ ယင်းမြို့နယ်အတွင်းရှိ တောင်သူများ၏ တောင်းဆိုမှုကြောင့် တစ်ပါတည်းပြီးစီးစေချင် ပါကြောင်း၊ ထိုကြောင့် ယင်း လက်ဝဲတိုးချဲ့တူးမြောင်းစီမံကိန်းကို မည်သည့်ကာလတွင် ပြီးစီးမည်ဆိုသည်နှင့် ရေပေးဝေနိုင်မည် အချိန်ကာလကို လည်းကောင်း၊ ဆက်လက်၍ ၂၀၁၄-၁၅ ခုနှစ်တွင် စတင်ရေပေးဝေနိုင်မည်ဆိုပါက ရေသောက်တောင်သူများမှ စနစ်တကျ ရေယူနိုင်ရေး ဒေသအလိုက်နေရာများ ရေသောက်စိုက်ကွင်း များကို ရေသောက်စိုက်ကွက်အဖြစ်ပြုပြင်ရေး၊ ရေသောက်စိုက်ကွက်များ၏ သီးနှံစိုက်ပျိုးရေး ပုံစံများ၊ လုပ်ငန်းစနစ်အစီအမံများကို ကြိုတင်ဆောင်ရွက်ထားရှိရေးတို့ကို ပညာပေးခြင်း၊ တိုက်တွန်းတောင်သူများအား အသိပေးစေခြင်း၊ သွင်းအားစုများစုစောင်းစေခြင်း စသည်များကို မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် စည်းရုံးပညာပေး ဆောင်ရွက်ကြမည်ဆိုသည်ကိုလည်းကောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဆောင်ရွက်ပြီး စီးနိုင်ခြင်း မရှိပါက ယင်းနှစ်အတွင်း စတင်ရေပေးဝေနိုင်ရေးအတွက် လိုအပ်သောဘဏ္ဍာငွေများ ဖြည့်စွက်တောင်း ခံပြီးတော့ ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း လုပ်အားမြှင့်တင်ဆောင်ရွက်စေခြင်းနှင့် ဆောလျင် စွာပြီးစီးပြီး ရေပေးဝေနိုင်ရေးကို စီစဉ်ဆောင်ရွက် ပေးရန်တို့ကို အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။