(စ)-ပိန်းဥနှင့်ကန်စွန်းဥကိုနိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရန်နှင့်နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ အားတိုက်ရိုက်ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် စပ်လျဉ်း သည့်မေးခွန်း
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှုနှင့် ပျဉ်းမနားမြို့ နယ် အလျင် လို ကျေးရွာ အနီးမှာ တောင်သူပညာပေး ပိန်းဥစိုက်ခင်းနှင့် ကန်စွန်းဥ စိုက်ခင်း စိုက်ပျိုးလျက်ရှိရာ ဂျပန် ဈေးကွက် အတွက် ပထမအဆင့်အနေဖြင့် တစ်နှစ်ကို တန်ချိန် ၅၀၀၀ ဝယ်ယူရန် ကမ်းလှမ်းထားသည်ကို သိရှိရ ပါကြောင်း၊ ပိန်းဥ တစ်ဧကစိုက်လျှင် အနည်းဆုံး ပိသာ ၅၀၀၀ ထွက်ရှိနိုင်ပြီး ချင်းပြည်နယ်တွင် တစ်ပိသာ ၅၀၀ ဈေးရှိသောကြောင့် တစ်ဧကဆိုပါက ၂၅ သိန်းခန့်ရရှိနိုင်မည့် လုပ်ငန်းဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် လည်း လွယ်လွယ်ကူကူနှင့် လုပ်နိုင် သည့် လုပ်ငန်းမျိုးလည်းဖြစ်သည့်အပြင် မြေအသုံးချမှု အကျယ်အဝန်း နည်းနည်းနှင့် ဝင်ငွေများများရရှိနိုင်သော လွယ်ကူသည့် စီးပွားရေးလုပ်ငန်း လည်းဖြစ်ပါကြောင်း။ ချင်းပြည်နယ် သည် ပိန်းဥ၊ ကန်စွန်းဥများ စိုက်ပျိုးဖြစ်ထွန်းသော မူရင်းဒေသ လည်းဖြစ်သည့်အတွက် ပိန်းဥနှင့် ကန်စွန်းဥ များ တိုးချဲ့နိုင်ရန် ရင်းနှီးမြှုပ်နှံလိုသော ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ နယ်မြေခံအသေးစား၊ အလတ်စား လုပ်ငန်းများပေါင်းစပ်လုပ်ကိုင်နိုင်ရန် ပြည်ထောင်စု အစိုးရ အနေဖြင့် စီမံဆောင်ရွက်ပေးမည်ဆိုပါက ချင်းပြည် နယ်၏ ဆင်းရဲမှုကို လျှင်မြန်စွာ ဖြေ ရှင်းပေး နိုင်လိမ့်မည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ဝင်ငွေ မြင့်မား စွာ နှစ်စဉ် ပုံမှန်ရရှိနိုင်ပြီး စီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ်သော ပိန်းဥနှင့် ကန်စွန်းဥကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်သည်အထိ စိုက်ပျိုးနိုင်ရန်နှင့် ဈေးကွက် မှန်ကန် တည်မြဲနိုင်ရန်အတွက် နိုင်ငံတကာစီးပွားရေး လုပ်ငန်း ရှင်များနှင့် တိုက်ရိုက် ဆောင်ရွက်ပေးနိုင် ရန် ရှိ/မရှိကို မေးမြန်းပါသည်။