(က)-ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန မှ ရွှေမြန်မာဂျာနယ်တွင်ခရီးသွားလမ်းညွှန်ကြော်ငြာ ထည့်သွင်းဖော်ပြနိုင်ရန်အတွက်စီးပွားရေးလုပ်ငန်း ရှင်များထံမှငွေကောက်ခံခဲ့ခြင်းနှင့်စပ်လျဉ်းသည့်မေး ခွန်း
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထုတ်ဝေမည်ဟုဆိုခဲ့သော ရွှေမြန်မာဂျာနယ်သည် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၌ ကျင်းပသော (၂၇)ကြိမ်မြောက် SEA Game ပွဲတော်ကြီးအမီ စီးပွားရေးလုပ်ငန်းရှင်များ၊ အစုအဖွဲ့အသင်းများ၊ ကုမ္ပဏီများနှင့် ဟိုတယ်များအတွက် အောင်မြင်မှုအထောက်အကူပြုရရှိစေရန် လမ်းညွှန်ကြော်ငြာများကိုပါ ထည့်သွင်း၍ အပတ်စဉ်ထုတ်ဝေ သွားမည်ဟု စီစဉ်ခဲ့ကြသည့်အတွက် ကြော်ငြာထည့်သွင်းဖော်ပြနိုင်ရန်အတွက် မန္တလေးမြို့မှ မူဆယ်၊ နမ့်ခမ်းအထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်လုံးမှ စက်သုံးဆီဆိုင်များ၊ ပန့်ဆိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်များက ငွေကြေးများ လာရောက်ကောက်ခံသွားသည်ဟု သိရှိခဲ့ပါကြောင်း၊ သို့သော် ဂျာနယ်ထွက်ရှိလာပါသော် လည်းငွေကြေးကောက်ခံခံခဲ့ရသော စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းကြော်ငြာများကို ကြော်ငြာထုတ်ဝေခြင်းများ မပြုလုပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် (က) စီးပွားရေးလုပ်ငန်းရှင်များ ထံမှကောက်ခံထားသော ငွေကြေး များကို ပြန်လည်ပေးအပ်ပါရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်ဖြစ်သည်၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်ပေးအပ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။