(ဂ)-မင်္ဂလာဒုံမြို့နယ်တွင်မြို့နယ်အားကစားကွင်း တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်မှာ ပြည်ထောင်စုအားကစားဝန်ကြီးဌာန အနေဖြင့်သော် လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အနေဖြင့်သော် လည်းကောင်း တည်ဆောက်ပေးထားသည့် မြို့နယ်အားကစားကွင်းမရှိပါကြောင်း၊ ထို့ကြောင့် အားကစားဝါသနာပါသောလူငယ်လေးများ ထူးချွန်အားကစားသမား များဖြစ်သောလူငယ်လေးများသည် အားကစားပြုလုပ်လိုသော်လည်း အားကစားကွင်း မရှိသည့်အတွက်ကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ရံဖန်ရံခ ပြည်ထောင်စု ဝန်ကြီးဌာန၏ အားကစားကွင်း၊ တိုက်နယ်အားကစားကွင်း၌သာ ကစားကြရ ပါကြောင်း၊ ထို့ကြောင့် လူငယ်လေးများ၏ အားလပ်သော အချိန်များကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အားကစားကွင်းတစ်ခု တည်ဆောက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့်ရှိပါက မည်သည့်ကာလတွင် တည်ဆောက်ပေးမည်၊ မရှိပါက အဘယ့်ကြောင့်တည် ဆောက်ပေးရန်မရှိကြောင်းကို သိရှိလိုပါကြောင်းမေးမြန်း ပါသည်။