(က)-မြင်းမူမြို့ ဆိပ်ကမ်းအား အဆင့်မီဆိပ် ကမ်းကောင်းတစ်ခုတည်ဆောက်ဆောင်ရွက်ပေး ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ ဧရာဝတီဆိပ်ကမ်းသည် မြန်မာနိုင်ငံ အထက် ပိုင်းနှင့် အောက်ပိုင်းသို့ အစုန်၊ အဆန်ပြေးဆွဲနေကြသော သင်္ဘောအမျိုးမျိုးဝင်/ထွက် ဆိုက်ကပ်ကြသည့် ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ် ပါကြောင်း၊ မြင်းမူမြို့ ဧရာဝတီ ဆိပ်ကမ်းတွင် ဆိပ်ခံအတွက် (ဘ/၈၀၀၄) ထားရှိ ဆောင်ရွက်ခဲ့သော် လည်း ၁၉၉၀ ပြည့်နှစ် ဇူလိုင်လတွင် ဆိပ်ခံတွဲကျင်းပပြုလုပ်ရန်အတွက် သင်္ဘောယာဉ် ၅ ဖြင့်တွဲပြီး မန္တလေးမြို့ ဧရာဝတီဌာနခွဲ ရတနာပုံသင်္ဘောကျင်း ကို ယူဆောင် သွားခြင်းကြောင့် မြင်းမူမြို့ ဧရာဝတီဆိပ်ကမ်းတွင် ဆိပ်ခံတွဲ မရှိတော့သည်မှာ ယနေ့အချိန်ထိ နှစ်ပေါင်း ၂၀ တိတိ ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ တချို့နှစ် ရေနည်းချိန် ကာလများတွင် မန္တလေး-ပုဂံ ပြေးဆွဲလျက်ရှိသော မန္တလေးမှ ရေ ယာဉ်များနှင့် နိုင်ငံခြားသား ခရီးသွားရေယာဉ်များ သည် မြင်းမူဆိပ်ကမ်းအနီး ဧရာဝ တီမြစ်ရေ ယာဉ်တွင် ကျောက်ချရပ်နား၍ နိုင်ငံခြားသား ခရီးသည်များကို မြင်းမူဆိပ်ကမ်း ကနေ မော်တော် ဘုတ်ငယ်များနှင့် ကြို/ပို့သယ်ယူပို့ ဆောင်ပေးပြီး မြင်းမူမြို့က တစ်ဆင့် နိုင်ငံခြား သားခရီး သွားများ လိုအပ်သည့် နရာများကို မော်တော်ယာဉ်များနှင့် တစ်ဆင့် သယ်ယူ ပို့ဆောင်ပေး လျက်ရှိကြပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ ဆိပ်ကမ်းသည် နိုင်ငံခြားခရီးသည်များ၊ ပြည်တွင်းခရီးသည်များနှင့် ကုန်စည် မျိုးစုံ သယ်ယူပို့ဆောင်ပေးသော ရေယာဉ်အမျိုးမျိုး၊ သင်္ဘောများ ဝင်/ထွက်ဆိုက်ကပ်သော အထက်မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်း ကောင်းတစ်ခုဖြစ်ခြင်းကြောင့် မြင်းမူမြို့ဆိပ်ကမ်းအား အဆင့်မီ ဆိပ်ကမ်းကောင်းတစ်ခု တည်ဆောက် ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။