(င)-လေရှီးမြို့နယ်နှင့်ဆွမ္မရာမြို့နယ်ခွဲပြည်သူ့ဆေး ရုံတို့တွင် ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်းခန့်ထားပေး ရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဦးရှီသီး (လေရှီး)စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသလေရှီးမြို့ရှိ ပြည်သူ့ဆေးရုံ ဆွမ္မရာမြို့နယ်ခွဲ တိုက်နယ်ဆေးရုံတွင် ဓာတ်မှန်ရိုက်ကိရိယာနှင့် ခွဲစိတ်ခန်းသုံး ကိရိယာများမရှိသည့်အတွက် မိမိတို့ဒေသရှိ ပြည်သူများသည် တောင်ယာခုတ်ခြင်း၊ အမဲလိုက်ခြင်းနှင့် လယ်ယာလုပ်ငန်းကို အသုံးပြုပြီးလုပ်ကိုင် ဆောင်ရွက်သည့်အခါ တွင်ကျိုးခြင်း၊ ပဲ့ခြင်းစသည့်ဝေဒနာများ ရရှိနိုင်သည့်အခါ ဓာတ်မှန်ဆေးရုံ ရှိသော ဟုမ္မလင်း၊ ခန္တီး၊ မုံရွာ၊ ကလေးမြို့များကိုသာ အစဉ်အမြဲသွားရောက် ကုသနေရ ပါကြောင်း၊ ထိုကဲ့သို့ မလိုလား အပ်သောလူမှုဝန်ဆောင် စရိတ်များကျခံနေရသည် ကို တွေ့ရှိရသည့်အတွက် မိမိအနေဖြင့် ၃၀-၄-၂၀၁၂ ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာနသို့ လေရှီးမြို့နယ်အတွက် ဓာတ်မှန်ရိုက်စက်နှင့် ခွဲစိတ်ခန်းသုံး ကိရိယာ များပံ့ပိုးပေးရန်အတွက် စာဖြင့်တင်ပြခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ၃၀-၆-၂၀၁၂ ရက်နေ့တွင်ချပေးပြီး လေရှီးမြို့ပြည်သူ့ဆေးရုံသို့ အရောက်ပို့ထားခဲ့ပါကြောင်း၊ သို့သော် နိုင်ငံတော်မှ ချပေးလိုက် သည့်အဆိုပါ ဓာတ်မှန်စက်နှင့် ဓာတ်မှန်ရိုက်ကိရိယာ ခွဲစိတ်ခန်းသုံးကိရိယာများကို ဓာတ်မှန်ရိုက်ကျွမ်းကျင်သူ မရှိသည့်အတွက် ယနေ့ထိအသုံးပြုနိုင် ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ မေးခွန်းနံပါတ်(၁) နာဂဒေ သ ပြည်သူ့ဆေးရုံဖြစ်သော လေရှီးမြို့နယ်နှင့် ဆွမ္မရာမြို့နယ်ခွဲတို့မှာ ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်းခန့် အပ် ပေးနိုင်ရေးအတွက် မေးမြန်းပါကြောင်းနှင့် ရှေ့ကဖြေသွားသည့် မေးခွန်းပုံစံအတိုင်း ဓာတ်မှန်ကျွမ်းကျင်များ မခန့်ပေးနိုင်ဘူးဆိုလျှင် မိမိဒေသတို့မြို့ခံဒေသရှိ ဘွဲ့ရလူငယ်ကို ရွေးချယ်စေလွှတ်လျှင် လက်ခံနိုင်ခြင်းရှိ/ မရှိ မေးမြန်းပါသည်။