(က)-ခိုင်းနွားဈေးနှစ်ဆမြင့်တက်လာ၍တောင်သူများ အခက်အခဲရှိနေသည့်အတွက်သက်ဆိုင်ရာဝန်ကြီး ဌာနမှမည်သို့ကြိုတင်ဆောင်ရွက်ထားရှိမှုကိုသိလို သည် နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသတွင် ခိုင်းနွားစရိတ်သည် နှစ်ဆခန့်တက်သွားပါကြောင်း၊ ပခုက္ကူနယ်တွင် ခိုင်းနွားတစ်ကောင်း၏ ဈေးသည် ၁၈ သိန်းအထိ ဖြစ်နေပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ်မှစ ၍ ဈေးဖြစ်နေသည့်အတွက် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့်တက်သွားသည်ကို တရားမဝင်မှာနွားမှောင်ခိုသမားများသည် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းတို့တွင် ဝယ်ယူမှုများပြားပြီး ဝယ်လိုအားကောင်းနေပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချနေပါကြောင်း၊ နွားဈေးကောင်းအတွက် တောင်သူများ ငွေအခက်အခဲတွေ့တိုင်းနွားကို ထုတ်ရောင်းနေကြရပါကြောင်း၊ နှစ်စဉ်မိုးခေါင်မှု များကြောင့် နွားစာအခက်အခဲရှိနေခြင်း၊ ပဲ ဖတ်၊ နှမ်းဖတ်၊ ပန်းနှမ်းဖတ်၊ နေကြာဖတ်၊ ဝါစေ့ဖတ်စသည့် တိရစ္ဆာန်အစားအစာ နွားစာဈေးများသည် ဆီစက်များ ဆီကြိတ်မှုအများစုအတွက် ဈေးကြီးမြင့်ပြီး ဝယ်ယူရန် အခက်အခဲရှိနေကြပါကြောင်း၊ နွားတစ်ရှဉ်းလျှင် တစ်နှစ်ထွန်ခယက်ခ ၅၀၀၀ အထိ မြှင့်တက်နေသည့်အတွက် ခိုင်းနွားပိုမိုရှားပါးလာမှုကြောင့် ထွန်ခယက်ခမြင့်တက်လာပြီး ထပ်မံမြင့်တက်လာနိုင်သဖြင့် ထယ်ရှဉ်းငှား၍ ထွန်ယက်စိုက်ပျိုးရန် အခက်အခဲဖြစ် လာနိုင်ပါကြောင်း၊ စက်မှုလယ်ယာသို့ ကူးပြောင်းနေသည်ဆိုသော်လည်း စက်မှုလယ်ယာစရိတ်ကို တောင်သူများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် မတတ်နိုင်ကြပါကြောင်း၊ ထို့ကြောင့် အထက်ပါအခက်အခဲများ လျော့ပါး ကင်းရှင်းစေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်ကဲ့သို့ ကြိုတင်ဆောင်ရွက်မှုများရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။