(စ)-ပြည်သူ့ဆေးရုံကြီးများ သို့မဟုတ် သင့်တော် ရာနေရာများတွင်ပြီးပြည့်စုံစွာအဖြေရရှိမည့်ဓာတ်ခွဲ ခန်းများကိုနိုင်ငံတော်မှဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အခေါ်ဝေါ်ဂျပန်ဆေးရုံကြီးသို့ လူနာများအား သွားရောက်မေးမြန်းခဲ့ရာတွင် အဓိကကျသော အခက်အခဲတွေများတွေ့မြင်ခဲ့ရ ပါကြောင်း၊ မိမိတို့ ဆရာဝန်ကြီးများသည် လူနာများကိုဆေးကုချိန် တွင် သွေးအဖြေပေါ် မူတည်ပြီး ကုသပေးရပါကြောင်း၊ ဆေးရုံတွင်သွေးအမျိုးအစား အနည်းအကျဉ်းသာ စစ်ဆေးနိုင်ပြီး များသောအားဖြင့် ပြင်ပမှာရှိသော ပုဂ္ဂလိက ဓာတ်ခွဲခန်းများကို သာ စေလွှတ်စစ်ဆေးကြောင်း တွေ့ရပါသည်။ ပြင်ပ ဓာတ်ခွဲခန်းများ ဆေးရုံကြီးနှင့် အလှမ်းဝေးခြင်း၊ သွေးအဖြေချက်ခြင်းမရ၍နောက် ထပ်သွားရခြင်း၊ လူနာအနေနှင့် သွေး အကြိမ်ကြိမ် စစ်ဆေးရခြင်း၊ ပြင်ပဓာတ်ခွဲ ခန်းများ၏ စစ်ဆေးခန်းများအား ဈေးနှုန်း ကြီးနေခြင်း၊ လူနာရှင်များအခက် အခဲများတွေ့နေရသည်ကို ကျွန်တော်တွေ့မြင်ခဲ့ရ ပါကြောင်း၊ ပြင်ပြဓာတ်ခွဲခန်းများကို မှီခိုအားထားနေရ ခြင်းမှာ ဂျပန်ဆေးရုံကြီး တစ်ခုသာ မဟုတ်ဘဲ အခြားဆေးရုံတော်တော်များများမှာလည်း ယခုလို ဆောင်ရွက်နေရသည်ကို နိုင်ငံတော်ဆေးရုံကြီး များအနေနှင့် ပြင်ပ ပုဂ္ဂလိကဓာတ်ခွဲခန်းများကို မှီခိုအားထားနေရခြင်းသည် မဖြစ်သင့်သည့် ကိစ္စတစ် ခုဖြစ်ကြောင်း၊ ပြင်ပပုဂ္ဂလိက ဓာတ်ခွဲခန်းများနည်းတူ နိုင်ငံတော်မှတာဝန်ယူဖွင့်လှစ်သည့် ဓာတ်ခွဲခန်းများရှိ သင့်ကြောင်း၊ ထို့ကြောင့် ပြည်သူများ အတွက်မရှိမဖြစ်လိုအပ်သော လုပ်ငန်းကိုနိုင်ငံတော်မှ အရည်အသွေး ပြည့် မှီပြီးသော ပြီးပြည့်စုံသည့် အဖြေရရှိမည့် ဓာတ်ခွဲခန်းများကို ဖွင့်လှစ်ရန်အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။