(ဂ)-ကန်ကြီးထောင့်မြို့နယ်ဘောလုံးအားကစားကွင်း ကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ် လျဉ်းသည့် မေးခွန်း

2020-12-18

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၏ မြို့နယ်အားကစားကွင်းကို ၁၉၉၆-၁၉၉၇ ခုနှစ် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်ပြီး မြို့နယ်ဒေသခံများ၏အင်အားဖြင့် ကွင်းနံရံလေးဖက် အုတ်စည်းရိုးကာရံခြင်း၊ ပွဲကြည့်စဉ်တစ်ခု ပြုလုပ်ခြင်း၊ ကွင်းပြင်ဆင်ခြင်းနှင့် ဆေးသုတ်ခြင်းစသည် တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲများ၊ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများ၊ အထိမ်းအမှတ်နေ့ အားကစားပြိုင်ပွဲများ၊ နှစ်စဉ် ကျင်းပခဲ့ပါကြောင်း၊ ယခုအခါ ကာလကြာမြင့်လာမှုကြောင့် ကွင်းနံရံ အုတ်စည်းရိုးများ ပြိုကျပျက်စီးခြင်း၊ ပွဲကြည်စဉ်ပျက်စီးခြင်းနှင့် ကွင်းမြေပြင်များ ပျက်စီးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကန်ကြီးထောင့်မြို့နယ်၏ မြို့နယ်ဘောလုံးကွင်းကို ပြန်လည်ပြုပြင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။