(ဃ)-ဆီဆိုင်မြို့နယ်မြေစာရင်းဦးစီးဌာနရုံးအဆောက် အအုံအားခေတ်နှင့်လျော်ညီစွာတည်ဆောက်နိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဆီဆိုင်မြို့နယ် မြေစာရင်းရုံး အဆောက်အဦးသည် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်တွင် ရန်ပုံငွေအနည်းငယ်ဖြင့် တည်ဆောက်ထားခြင်းကြောင့် ယခုအခါ အဆောက်အဦသည်ခိုင်ခံ့မှုမရှိဘဲ ရုံးအဆောက်အဦ အင်္ဂါရပ် အရ ဟောင်းနွမ်းနေပြီး ရုံးနေရာကျဉ်းမြောင်း၍ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ် လျက်ရှိပါကြောင်း၊ ရုံးအဆောက်အဦဆောက်လုပ်ထားသည့် မြေနေရာသည် နိမ့်ပြီး မိုးများရွာသွန်းလျှင် ရုံးအဆောက်အဦ၏ အောက်ထပ်အထိ ရေမြောင်းမှရေဆိုးများ ဝင်ရောက်လျက်ရှိပါကြောင်း၊ စာရင်းမြေပုံ မှတ်တမ်းများ လယ်ယာမြေလုပ်ပိုင်ခွင့် အမှုတွဲများထိန်းသိမ်းရန် လွန်စွာခက်ခဲပြီး ‌ရွှေ့ပြောင်းရသည့်အပြင် အဆောက်အဦလုံခြုံမှု မရှိ၍ ဆီဆိုင်မြို့နယ်အား ခေတ်နှင့်လျော်ညီသော မြေစာရင်းဦးစီးဌာနရုံး အဆောက်အဦ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စီစဉ်ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးဝင်းကို (ဆီဆိုင် မဲဆန္ဒနယ်) ကိုယ်စား ဦးခွန်သိန်းဖေ (ဟိုပုန်း မဲဆန္ဒနယ်) မှ မေးမြန်းပါသည်