(က)-မြို့သစ်မြို့နယ်ခွဲ၊ အောင်ဇေယျာကျေးရွာ မှတောင်သူများလုပ်ကိုင်နေသောလယ်ဧက ၁၆၀ ခန့်အားသစ်တောကြိုးဝိုင်းပြင်ပ ကာကွယ်တောမှ ကင်းလွတ်ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-18

ဦးခင်မောင်ရွှေ (တမူး)မိမိအနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ဒေသခံပြည်သူများ၏ ကိုယ်စား အောက် ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊  မေးခွန်း (၁) ခမ်းပါတ်မြို့နယ်ခွဲ၊ နန်ကတိတ်ကျေးရွာအနီးရှိ သစ်ထုတ်လုပ်ကွင်းအတွက် သစ်ချကွင်းမြေကွက် အား ကျေးရွာလူငယ်/ လူရွယ်ဘောလုံးကွင်းများအဖြစ် သုံးစွဲခွင့်ပေးနိုင်ခြင်းရှိ /မရှိ။ မေးခွန်းနံပါတ်(၂) မြို့သစ်မြို့နယ် ခွဲ၊ အောင်ဇေယျကျေး ရွာမှ တောင်သူ ၁၄ ဦးခန့် လုပ်ကိုင်နေသော လယ်မြေဧက ၁၆၀ ဧကခန့်အား ကြိုးဝိုင်းပြင်ပတောအတွင်း မှ ကင်းလွတ်ခွင်‌့ပေး နိုင်ခြင်းရှိ/မရှိ။ မေးခွန်းနံပါတ်(၃) မြို့သစ်မြို့နယ်ခွဲ၊ မင်းတာ စံပြကျေးရွာအနီးရှိ သစ်တောဦးစီးဌာနမှ ကျွန်းစိုက်ခင်းဟု သတ်မှတ်ထားသည့် စိုက်ခင်းအား အိမ်ရာမြေကွက်များဖော် ထုတ်နိုင်ရန် အတွက် ကျေးရွာ ပိုင်မြေများအဖြစ် ပြန်လည်ပေးအပ်နိုင်ခြင်းရှိ/မရှိနှင့် မေးခွန်းနံပါတ်(၄) သစ်တော ဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဥပဒေနှင့်အညီ ကိုယ်ပိုင်အသုံးပြုခွင့်ရရှိနိုင်ရေးမည် သို့စီ မံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။