(င)-တောင်သူပညာပေးစံပြစိုက်ကွက်မှထွက်ရှိသော အဆင့်မြင့်အထွက်တိုးမျိုးစပါးဖြန့်ဖြူးခြင်းနှင့်အဝယ် ဒိုင်များဖွင့်၍စိုက်ပျိုးသူများတွက်ခြေကိုက်သောနှုန်း ထားဖြင်ဝယ်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့်မေးခွန်း
မိသားစုလယ်ယာစနစ်မှ မိသားစုစက်မှုလယ်ယာစနစ်သို့ ရောက်ရှိစေပြီး ထိုမှတစ်ဆင့် လူမှုစီးပွားရေး အခြေခံမှုကို မူတည်၍ တစ်နိုင်ငံလုံး စက်မှုလယ်ယာစနစ်ကို ကူးပြောင်းခြင်းသည် သဘာဝကျသော ကူးပြောင်း ခြင်းစနစ်ဖြစ်ပါကြောင်း၊ ထိုသို့ ကူးပြောင်းနိုင်ရန်အတွက် မြေယာအသုံးချခွင့်အခွင့်အရေး ခိုင်မာတည်ငြိမ်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၂ လယ်ယာမြေဥပဒေအရ ပုံစံ - ၇ ကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန်လည်း အထူးလိုအပ်ပါသည်။ မြို့ရွာအနှံတောင်သူ ပညာပေးစိုက်ခင်းများ အဆင့်မြှင့်မျိုးစပါး စိုက်ကွက်များကို တွေ့ရှိနေရသည်မှာ အားရစရာကောင်းလှပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူပညာပေး စံပြစိုက်ကွက်ဧကများ သည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် မည်မျှရှိ၍ ၎င်း စိုက်ခင်းများအတွက် ကုန်ကျစရိတ်များသည် မည်မျှရှိသည်ကို မည်သည့်ဘတ်ဂျတ်စာရင်းမှ သုံးစွဲပြီး ထွက်ရှိလာသော အဆင့်မြှင့်အထွက်တိုး စပါးများကို မည်ကဲ့သို့ ဖြန့်ဖြူးသည်နှင့် ထိုစပါးများကို စိုက်ပျိုး၍ဖြစ်ထွန်းလာသော စပါးများကို စိုက်ပျိုးသူများအား တွက်ခြေကိုက်သောနှုန်းထားဖြင့် အဝယ်ဒိုင်များဖွင့်လှစ် ဝယ်ရန်အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။