(ခ)- ဟိုပုန်းမြို့နယ်ရှိကျောက်တန်း-ထီတစ်ခု -နောင်ဒေးလမ်းအားမြေသားလမ်းမှကျောက်ချော လမ်း အဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ်မြောက်ခြမ်း အရှေ့ဘက်တောင်ကြောသည် လမ်းပမ်းဆက်သွယ်ရေး အလွန်ခက်ခဲသောဒေ သဖြစ်သော်လည်း ကျောက်တန်းအထိ ကျောက်ချောလမ်း တစ်ပိုင်း၊ ကတ္တရာတစ် ပိုင်းဖြင့် သွားလာရေးတွင် အဆင်ပြေ နေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျောက် တန်းမှ တစ်ဆင့် မောက်မွန်းကျေးရွာအုပ်စု၊ နောင်ဒေးကျေး ရွာအုပ်စုတို့ ဆက်သွယ် သွားလာရန်အတွက် လမ်းမရှိဘဲ ကုန်စည်များကို မြင်း၊ လားများကို အသုံးပြု သယ်ဆောင်သွားလာရလျက်ရှိပါကြောင်း၊ ယခုအခါ ကျောက်တန်းမှတစ်ဆင့် အဆိုပါ ကျေးရွာအုပ်စု နှစ်စုနှင့် ဆက်သွယ်သွားလာနိုင်ရေးအတွက် ကျောက်တန်း-ထီတခု-နောင်ဒေးလမ်း ၁၂ မိုင်အားလေတပ်ခံ အဖွဲ့အစည်းမှ စက်ယန္တရား ပံ့ပိုးကူညီ မှုဖြင့် ကျေးရွာ ပြည်သူများမှ ကိုယ်ထူကိုယ်ထမီးရထားလမ်းကို ကျပ်သန်းပေါင်း ၄၀ နီးပါးခန့် ကုန်ကျခံ ဖောက်လုပ်ခဲ့ သော်လည်း မြေသားလမ်းသာဖြစ်သည့်အတွက် ဆယ့်နှစ်ရာသီသွားလာ၍ မရသေးပါကြောင်း၊ ထို့ပြင် အဆိုပါလမ်းသည် ပင်လုံမြို့နယ်ခွဲအနောက်ခြမ်း စနင်းပံ့ကူးဒေသသို့ ရှမ်းတိုင်းရင်း သားများ အများဆုံး နေထိုင်ရာ ဒေသနှင့်လည်း ချိတ်ဆက်လျက်ရှိသည့်အတွက် ဤဒေသတွင် လမ်းပန်းဆက် သွယ်ရေးကောင်းမွန် မည်ဆိုပါက ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးတို့ကိုလည်း များစွာအထောက် အကူဖြစ် မည်ဖြစ် ပါသောကြောင့် ကျောက်တန်း-ထီတခု-နောင်းဒေလမ်း ၁၂ မိုင်အား မြေသားလမ်းမှ ကျောက်ချောလမ်း အဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းပြန်လည်မေးမြန်းပါသည်။